Zawgyi

၂၀၁၉ ထဲမွာေတာ့ တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူေတြ ၿမိဳင္ၿမိဳင္ဆုိင္ဆုိင္ပဲ သူ႕ထက္ငါ ထုတ္လုပ္ေနၾကၿပီး လူသိမ်ားအမွတ္တံဆိပ္ျဖစ္တဲ့ Xiaomi လည္း အပါအဝင္ပါပဲ။ Xiaomi ဟာ သူတုိ႔ရဲ႕ Flagship ဟန္းဆက္တစ္လုံးအတြက္ ေရြးခ်ယ္စရာ ဗားရွင္းအခြဲေတြကိုပါ ေစ်းႏႈန္းအစုံအတြက္ ထုတ္လုပ္ေပးေလ့ ရွိပါတယ္။

မႏွစ္က ပုံမွန္ Mi 8 စမတ္ဖုန္းကို ထုတ္လုပ္မိတ္ဆက္ခဲ့ၿပီးတဲ့ေနာက္ သူ႕ထက္ အရြယ္အစားနဲ႔ ပရုိဆက္ဆာလုပ္အားကို ေလွ်ာ့ခ်ထားတဲ့ Mi 8 SE ကိုမိတ္ဆက္ေပးခဲ့သလို ပုံမွန္ဗားရွင္းထက္ ေစ်းပိုကာ ေဖာက္ထြင္းျမင္ႏုိင္တဲ့ ေနာက္ေက်ာကုိယ္ထည္နဲ႔ In-display Fingerprint တုိ႔ပါဝင္တဲ့ Mi 8 Pro ကိုပါ မိတ္ဆက္ခဲ့တာပါ။

အခုႏွစ္မွာလည္း Mi 9 ထြက္ရွိၿပီး Mi 9 SE ကိုလည္း ျမင္ေတြ႕ခဲ့ရတဲ့ေနာက္မွာေတာ့ Pro ဗားရွင္းပဲ က်န္ေတာ့တယ္လို႔ ဆုိရမွာျဖစ္ၿပီး ၂၀၁၉ မွာေတာ့ Mi 9 Pro ဆုိတဲ့နာမည္အစား Mi 9T လို႔ ေခၚလာႏုိင္တာကို ေတြ႕ရပါတယ္။

Xiaomi Mi 9T လုိ႔အမည္ေပးထားတဲ့ဖုန္းဟာ ထိုင္း၊ ထုိင္ဝမ္၊ စင္ကာပူနဲ႔ ရုရွတုိ႔မွာ အတည္ျပဳခ်က္ ရရွိခဲ့ၿပီး ျဖစ္တာေၾကာင့္ ႏုိင္ငံတကာေစ်းကြက္ကိုလည္း တစ္ခါတည္း ဝင္ေရာက္လာမယ့္ပုံစံပါပဲ။ လက္ရွိသတင္းေတြအရ ပုံမွန္ Mi 9 ရဲ႕အဓိက Feature ေတြျဖစ္တဲ့ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ 48MP အဓိကကင္မရာ တုိ႔ကို ဆက္လက္အသုံးျပဳလာမွာျဖစ္ေပမယ့္ ပိုႀကီးတဲ့ဘကၳရီနဲ႔အတူ 12GB RAM မန္မုိရီ၊ 256GB Storage တုိ႔ တိုးခ်ဲ႕ထည့္သြင္းလာမယ္လို႔ ဆုိပါတယ္။

Pro ဗားရွင္းေနရာမွာ အစားထိုးဝင္ေရာက္လာမယ့္ ဖုန္းျဖစ္တာနဲ႔အညီ Mi 9 ပုံမွန္ေမာ္ဒယ္ထက္ေတာ့ ေစ်းပိုမွာ ေသခ်ာပါတယ္။ မၾကာခင္မွာ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္းအပါအဝင္ အခ်က္အလက္ေတြကို ထပ္သိလာရမွာပါ။

Ref – GSM Arena

Unicode

၂၀၁၉ ထဲမှာတော့ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပဲ သူ့ထက်ငါ ထုတ်လုပ်နေကြပြီး လူသိများအမှတ်တံဆိပ်ဖြစ်တဲ့ Xiaomi လည်း အပါအဝင်ပါပဲ။ Xiaomi ဟာ သူတို့ရဲ့ Flagship ဟန်းဆက်တစ်လုံးအတွက် ရွေးချယ်စရာ ဗားရှင်းအခွဲတွေကိုပါ ဈေးနှုန်းအစုံအတွက် ထုတ်လုပ်ပေးလေ့ ရှိပါတယ်။

မနှစ်က ပုံမှန် Mi 8 စမတ်ဖုန်းကို ထုတ်လုပ်မိတ်ဆက်ခဲ့ပြီးတဲ့နောက် သူ့ထက် အရွယ်အစားနဲ့ ပရိုဆက်ဆာလုပ်အားကို လျှော့ချထားတဲ့ Mi 8 SE ကိုမိတ်ဆက်ပေးခဲ့သလို ပုံမှန်ဗားရှင်းထက် ဈေးပိုကာ ဖောက်ထွင်းမြင်နိုင်တဲ့ နောက်ကျောကိုယ်ထည်နဲ့ In-display Fingerprint တို့ပါဝင်တဲ့ Mi 8 Pro ကိုပါ မိတ်ဆက်ခဲ့တာပါ။

အခုနှစ်မှာလည်း Mi 9 ထွက်ရှိပြီး Mi 9 SE ကိုလည်း မြင်တွေ့ခဲ့ရတဲ့နောက်မှာတော့ Pro ဗားရှင်းပဲ ကျန်တော့တယ်လို့ ဆိုရမှာဖြစ်ပြီး ၂၀၁၉ မှာတော့ Mi 9 Pro ဆိုတဲ့နာမည်အစား Mi 9T လို့ ခေါ်လာနိုင်တာကို တွေ့ရပါတယ်။

Xiaomi Mi 9T လို့အမည်ပေးထားတဲ့ဖုန်းဟာ ထိုင်း၊ ထိုင်ဝမ်၊ စင်ကာပူနဲ့ ရုရှတို့မှာ အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်တာကြောင့် နိုင်ငံတကာဈေးကွက်ကိုလည်း တစ်ခါတည်း ဝင်ရောက်လာမယ့်ပုံစံပါပဲ။ လက်ရှိသတင်းတွေအရ ပုံမှန် Mi 9 ရဲ့အဓိက Feature တွေဖြစ်တဲ့ Snapdragon 855 ချစ်ပ်ဆက်နဲ့ 48MP အဓိကကင်မရာ တို့ကို ဆက်လက်အသုံးပြုလာမှာဖြစ်ပေမယ့် ပိုကြီးတဲ့ဘက္ထရီနဲ့အတူ 12GB RAM မန်မိုရီ၊ 256GB Storage တို့ တိုးချဲ့ထည့်သွင်းလာမယ်လို့ ဆိုပါတယ်။

Pro ဗားရှင်းနေရာမှာ အစားထိုးဝင်ရောက်လာမယ့် ဖုန်းဖြစ်တာနဲ့အညီ Mi 9 ပုံမှန်မော်ဒယ်ထက်တော့ ဈေးပိုမှာ သေချာပါတယ်။ မကြာခင်မှာ ထွက်ရှိရက်နဲ့ ဈေးနှုန်းအပါအဝင် အချက်အလက်တွေကို ထပ်သိလာရမှာပါ။

Ref – GSM Arena