Apple ဟာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းတာ သက်သာစေဖို့ iPhone 12 ဘူးထဲမှာ Charging Adapter မထည့်ပေးတော့ပါဘူး။ အဲဒီအတွက် Third-party Accessory ထုတ်လုပ်သူတွေ ဂွင်တွေ့ခဲ့ကြပါတယ်။ Xiaomi ကလည်း iPhone 12 နဲ့ တွဲသုံးနိုင်တဲ့ USB-C Power Delivery (PD) Adapter ၁ ခုကို ကြေညာလိုက်ပါတယ်။ Xiaomi ထက် အရင် လက်ဦးထားတာက ZMI ရဲ့ iPhone 12 အတွက် 20W Adapter ဖြစ်ပါတယ်။

Xiaomi unveils a 20W USB-C Fast charger compatible with the iPhone 12 - Gizmochina

Xiaomi ရဲ့ 20W USB-C Fast Charger ဟာ နောက်ဆုံးထုတ် iPhone 12 အပါအဝင် Apple iPhone များစွာနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ၃၉ ယွမ် သတ်မှတ်ထားပြီး ၇ ထောင်ခွဲလောက်ပဲ ရှိတဲ့အတွက် ဈေးလည်း မဆိုးပါဘူး။ ၃ ရက်နေ့ စရောင်းမှာပါ။

အဲဒီ Charger မှာ Xiaomi Mi 10 နဲ့ iPhone 11 တို့အတွက်လည်း Fast Charging ထောက်ပံ့ထားပြီး Fast Charging Protocols များစွာနဲ့ Compatible ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ Samsung Galaxy S10 နဲ့ iPad Pro  တို့အတွက်လည်း Fast Charging ထောက်ပံ့ထားပါတယ်။ Xiaomi ရဲ့ 20W Type-C Charger ဟာ အဖြူရောင် ဖြစ်ပြီး ၄၃.၈ ဂရမ် အလေးချိန် ရှိပါတယ်။

Xiaomi ရဲ့ 20W Type-C Charger မှာ High-Precision Resistance-Capacitance Sensing Devices သုံးထားပြီး Voltage လွန်ကဲတာကို ကာကွယ်ပေးနိုင်ပါတယ်။ အပူလွန်ကဲတာကိုလည်း ကာကွယ်ပေးထားသလို Short-circuit Protection လည်း ပါပါတယ်။

Ref : gizmochina