Xiaomi ကနေ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပြီးတော့ ဂိမ်မာတွေအတွက်သီးသန့် စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ Blackshark လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းတစ်ခုကို လာမယ့် ဧပြီရယ်လ ၁၃ ရက်နေ့မှာ ကြေငြာမှာဖြစ်တယ်လို့ တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Xiaomi ရဲ့ ယခု Gaming စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Gaming စမတ်ဖုန်းဖြစ်တဲ့ Razer စမတ်ဖုန်းကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာအကောင်းဆုံးသော Specifications တွေနဲ့ ပွဲထွက်လာမှာပဲဖြစ်ပါတယ်။

Xiaomi Blackshark ဖုန်းဟာ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB အထိပါဝင်လာမှာဖြစ်ပြီးတော့ Gaming Performance အတွက် 120Hz Display ကိုလည်းတပ်ဆင်လာမယ်လို့ ယူဆရပါတယ်။

Xiaomi ရဲ့ အခု Blackshark ဖုန်းဟာ Xiaomi ကနေ ပုံမှန်ထုတ်လုပ်နေသလိုမျိုး Mi Series ၊ Redmi Series ဖုန်းဖြစ်လာမှာမဟုတ်ပဲ Blackshark ဆိုပြီးပဲ Gaming Series အသစ်တစ်ခုဖြစ်လာမှာပါ။