Xiaomi ဟာ အခုလက်ရှိမှာ စမတ်ဖုန်းရောင်းအားက သိသိသာသာကိုတက်လာနေပြီးတော့ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ စွမ်းဆောင်ရည်ပိုပြီးမြင့်မားတယ်ဆိုပြီး သိသာတဲ့ စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယဈေးကွက်ကိုပဲ အဓိကအာရုံစိုက်နေတာဖြစ်ပြီးတော့ အမေရိကန်အပါအဝင် အနောက်ပိုင်းနိုင်ငံတွေမှာတော့ ရောင်းချနိုင်ခြင်းမရှိသေးဘူးပဲဖြစ်ပါတယ်။

ဒါပေမယ့် Xiaomi ရဲ့ CEO Lei Jun ကနေ ကုမ္ပဏီဟာ US ဈေးကွက်ကို ယခုနှစ်ကုန် ဒါမှမဟုတ် နောက်နှစ် ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ဝင်ရောက်ဖို့ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Lei Jun က လောလောဆယ်မှာတော့ သတင်းအချက်အလက်အတိအကျကို ပြောကြားသွားဖို့တော့ အဆင်မပြေသေးပဲ အဓိကအနေနဲ့ US ဈေးကွက်က အသုံးပြုသူတွေကြိုက်နှစ်သက်တဲ့ စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Xiaomi ဟာ US ဈေးကွက်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက Online Store နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် စမတ်ဖုန်းတွေရောင်းချခြင်းမရှိပဲ Accessories တွေကိုပဲ ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး US ဈေးကွက်ကို စမတ်ဖုန်းတွေရောင်းချတော့မယ့်အတွက် Xiaomi အနေနဲ့ ပိုပြီးကြီးမားတဲ့ ဈေးကွက်ကြီးကို တည်ထောင်နိုင်မလားဆိုတာကို ဆက်ပြီးစောင့်ကြည့်ရမှာပါ