Xiaomi Mi Mix 2 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကမှ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Mi Mix 2 စမတ်ဖုန်းကို ထပ်မံ Update ပြုလုပ်ချင်တဲ့ပုံပါပဲ။

ဘာဖြစ်လို့လည်းဆိုရင် အခုထွက်ပေါ်နေတဲ့ သတင်းတွေအရ Xiaomi ကနေ Mi Mix 2S ဆိုပြီး စမတ်ဖုန်းတစ်ခုကို MWC 2018 မတိုင်ခင်ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ အဆိုပါ Mi Mix 2S စမတ်ဖုန်းဟာ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

အခုလိုမျိုး Xiaomi ကနေ Mi Mix 2S စမတ်ဖုန်းမှာ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာခဲ့ရင် ဒါက Samsung Galaxy S9 ထက် အရင်စောပြီး Snapdragon 845 CPU ကို ပထမဆုံးအသုံးပြုလာတဲ့စမတ်ဖုန်းတစ်ခုဖြစ်လာမှာပါ။

ဒါပေမယ့်လည်း Xiaomi Mi Mix 2S စမတ်ဖုန်းဟာ Processor ကို အဆင့်မြှင့်တင်ထားတာကလွဲပြီးတော့ Design ပိုင်း နဲ့ ကင်မရာပိုင်းတွေက ယခင် Mi Mix 2 စမတ်ဖုန်းနဲ့ တူတူပဲ ထွက်ရှိလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ Samsung Galaxy S9 ကို မှီမယ့်ပုံတော့ မပေါ်ပါဘူး။