Xiaomi က Civi 4 Pro နဲ့ စမတ်ဖုန်း လောကကို ဂယက်ထစေတော့မှာပါ။ အဲဒီဖုန်းဟာ Snapdragon 8s Gen 3 ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ အဲဒီ စွမ်းရည်မြင့် Chip ဟာ Xiaomi ရဲ့ The Paper OS နဲ့ ပေါင်းစည်းကာ စွမ်းဆောင်ရည်၊ ဓါတ်ပုံနဲ့ AI အပိုင်းတွေမှာ အလွန်တိုးတက်လာမှာပါ။

Xiaomi Civi 4 Pro

Civi 4 Pro ကို ဒီလ ၂၁ ရက် ကြေညာမယ့်နေ့မတိုင်ခင် JD.com မှာ ကြိုတင်အော်ဒါတင်ခွင့်ပြုထားပါတယ်။

အောင်မြင်ခဲ့တဲ့ Civi 3 အတိုင်းပဲ Civi 4 Pro မှာ တူညီတဲ့ 6.55” 2400×1080 OLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ 240Hz Touch Sampling Rate နဲ့ အထင်ကြီးစရာ Brightness ပါလာနိုင်ပါတယ်။

Civi 3 မှာတုန်းက သက်တောင့်သက်သာ ကြည့်နိုင်ဖို့အတွက် 12-bit Color Depth နဲ့ High-frequency PWM Dimming တွေ ထည့်ထားပြီး မော်ဒယ်အသစ်မှာ အဲဒီ စွမ်းရည်တွေ ပါလာနိုင်ပါတယ်။

Xiaomi Civi 4 Pro to Debut as First Snapdragon 8s Gen 3 Smartphone on March 21: Leica Cameras Confirmed - Gizbot News

Civi 4 Pro ရဲ့ ကင်မရာနဲ့ တခြား လုပ်ဆောင်ချက်တွေကို မသိရသေးပေမယ့် Xiaomi ဟာ Civi 3 ရဲ့ ကင်မရာ အပိုင်းကို အသားပေး လုပ်ဆောင်ထားပါတယ်။ Civi 3 ဟာ Portrait Shooting မှာ ၃၅ ရာခိုင်နှုန်း နဲ့ ညဘက်ရိုက်တဲ့အခါ ၅၇ ရာခိုင်နှုန်း၊ HDR Processing က ၁၅၃ ရာခိုင်နှုန်းပိုမြန်လာပြီး ဆက်တိုက်ရိုက်တဲ့အမြန်နှုန်းဟာ ၂၃၅ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။

Civi 3 မှာ 67W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ထည့်သွင်းထားပါတယ်။ Civi 4 Pro ဟာ စမတ်ဖုန်း ဈေးကွက်မှာ လူကြိုက်များလာနိုင်ပါတယ်။

Ref : gizmochina