နှစ်စဉ် Flagship စမတ်ဖုန်းတွေကို တွေ့မြင်နေကြဖြစ်တဲ့ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမြဲဖြစ်တဲ့ Mobile World Congress – MWC ပွဲမှာ Xiaomi အနေနဲ့ အခုနှစ်မှာ Mi 7 ကို ထုတ်ပြသွားတော့မှာ မဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမယ့် Xiaomi ဟာ MWC 2018 ကို တက်ရောက်မှာဖြစ်တဲ့အတွက် Mi 7 အစား အခြားသော Product တွေကိုပဲ ထုတ်ဖော်ပြသသွားမယ်လို့ သိရပါတယ်။ အခုသတင်းကိုတော့ Xiaomi မှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ဦးကနေ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အချို့ကတော့ Xiaomi ဟာ ယခုနှစ် MWC မှာ Mi 7 ကို မထုတ်ပြသေးပဲ သူရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Surge S2 Chipset ကိုပဲ ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး အဆိုပါ Surge S2 Processor နဲ့အတူ Mi 6X စမတ်ဖုန်းကိုလည်း မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Xiaomi အနေနဲ့ အခုလိုမျိုး Flagship ဖုန်းဖြစ်တဲ့ Mi 7 ကို မထုတ်ပြသေးတာက Samsung Galaxy S9 က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မိတ်ဆက်မှာကြောင့်ဖြစ်နိုင်ပြီး Huawei နဲ့ LG တို့ကလည်း Samsung Galaxy S9 ကြောင့် သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို MWC မှာ မိတ်ဆက်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။