Xiaomi က ၂၀၂၄ ခုနှစ်မှာ ပထမဆုံး လျှပ်စစ်ကားကို ရောင်းချမှာ ဖြစ်ပြီး လျှို့ဝှက်အမည်က MS11 ဖြစ်ပါတယ်။ မကြာခင်က အဲဒီကားဟာ Bluetooth Technology Alliance SIG Certification ရသွားပြီး သတင်းအချက်အလက်တွေကို ပိုမို သိလာရပါတယ်။

အဲဒီ ကားအတွက် မော်ဒယ်များစွာ မှတ်ပုံတင်ထားပြီး IC4034-BD, IC4004-BD, IC4024-BD, IC4054-BD, IC4005-BD နဲ့ IC4015-BD တို့ ဖြစ်ပါတယ်။

ကားမှာ Bluetooth 5.2 နဲ့ USB Media စွမ်းရည် ပါလာမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကားမှာ Apple CarPlay ထောက်ပံ့ထားမှာ ဖြစ်ပြီး iPhone ကို ကားရဲ့ Infotainment Screen နဲ့ ချိတ်ဆက်နိုင်မှာပါ။ ဖုန်းကို ကိုင်စရာ မလိုဘဲ Screen ကနေ စမတ်ဖုန်းက Application များစွာကို ထိန်းချုပ်နိုင်မှာပါ။ ဥပမာ အနေနဲ့ ဖုန်း ပြောရင် ကားရဲ့ စပီကာနဲ့ မိုက်ကရိုဖုန်းကို သုံးနိုင်မှာ ဖြစ်သလို  Siri Voice Assistant ကို ခိုင်းစေနိုင်မှာပါ။

Xiaomi Car features Bluetooth SIG Certification(1)

ကားမှာ Qualcomm ရဲ့ ကား Chipset ဖြစ်တဲ့ Snapdragon 8295 ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက် Snapdragon 8155 ထက် စွမ်းရည် ၈ ဆ ပိုတိုးတက်လာမှာပါ။ ကားမှာ 101 kWh Battery ပါလာမှာ ဖြစ်ပြီး 800 V High Voltage Fast Charging ထောက်ပံ့ထားမှာပါ။

Xiaomi ရဲ့ ကားကို ၂၆၀,၀၀၀ ယွမ်နဲ့ ၃၅၀,၀၀၀ ယွမ် အကြား ( ဒေါ်လာ ၃၆,၄၀၀ နဲ့ ၄၉,၀၀၀ အကြား)နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina