Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်လာပြီး SU7 လျှပ်စစ်ကားကို မတ်လ ၂၈ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။ Customer တွေဟာ မတ်လ ၂၅ ရက်နေ့မှာ အဲဒီကားကို စမ်းသပ်မောင်းနှင်နိုင်မှာပါ။ ကုမ္ပဏီဟာ လျှပ်စစ်ကားအတွက် အမှာစာ ၁၀၀,၀၀၀ ကျော်ကို ရရှိထားပြီ ဖြစ်ပြီး ရောင်းအားကောင်းနေတယ်လို့ ပြောနိုင်ပါတယ်။

Xiaomi SU7

Lei Jun က ဝီဘိုမှာ Xiaomi Group ဟာ SU7 ကို မတ်လ ၂၈ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး အမှာစာ ၁၀၀,၀၀၀ ကျော်ရထားတယ်လို့ ကြေညာလိုက်ပါတယ်။ SU7 အတွက် မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး SU7 RWD ကို ဒေါ်လာ ၃၅,၂၀၀ နဲ့ SU7 AWD ကို ဒေါ်လာ ၅၅,၀၀၀ သတ်မှတ်ထားပါတယ်။ တန်ဖိုးကြီး မော်ဒယ်မှာ 101 kWh Battery ပါလာပြီး 496kW (664 hp) Power ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ SU7 ကတော့ Tesla Model S ရဲ့ ပြိုင်ဖက် ဖြစ်ပါတယ်။

Xiaomi SU7

ကားအတွင်းပိုင်းဟာ ယာဉ်မောင်းကို အသားပေးထားတဲ့ ဒီဇိုင်းဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာပါတဲ့ Physical Buttons တွေ တပ်ဆင်ထားပါတယ်။ အောက်ခြေပြားချပ်တဲ့ စတီယာရင် တပ်ဆင်ထားပြီး ထိတွေ့မျက်နှာပြင် ၁ ခု ပါပါတယ်။ ယာဉ်မောင်းရဲ့ ညာဘက်ခြမ်းမှာ Toggle Switch တွေ ထည့်သွင်းထားပြီး အဲကွန်းလို ဖန်ရှင်တွေ ပါပါတယ်။

Xiaomi ဟာ အီလက်ထရောနစ် ပစ္စည်းများစွာကို ထုတ်လုပ်ရောင်းချခဲ့ပြီး အခုတော့ လျှပ်စစ်ကား လောကထဲကို ဝင်ရောက်လာပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လျှပ်စစ်ကား ဈေးကွက်မှာ Xiaomi အောင်မြင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizchina