[Zawgyi]

Xiaomi က 5G Smartphone ၁ လုံးသာ ထုတ္လုပ္ရေသးတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Mi Mix 3 5G ပါ။ အခုေတာ့ ကုမၸဏီက ဒုတိယေျမာက္  စြမ္းရည္ျမင့္ 5G Smartphone ၁ လံုးကို မၾကာခင္ ေၾကညာမယ္လို႔ ေျပာပါတယ္။ ၀ီဘိုကေန ဒီသတင္းကို ေၾကညာလိုက္တာျဖစ္ၿပီး တရုတ္က မွတ္ပံုတင္ အာဏာပိုင္ အဖြဲ႕အစည္း ၃ ခုဆီကေန အသိအမွတ္ျပဳလက္မွတ္ေတြ ရထားၿပီးၿပီလို႔ ေျပာပါတယ္။ တရုတ္မွာ အဲဒီ ဖုန္းကို အေစာဆံုး ေရာင္းခ်ႏုိင္ပါတယ္။

အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ကုမၸဏီက မေျပာေသးပါဘူး။ ၿပီးခဲ့တဲ့ တစ္ပတ္က 3C နဲ႔ TENAA မွာ ထြက္ေပၚလာတဲ့ M1908F1XE ဟာ အဲဒီဖုန္း ျဖစ္ႏုိင္ၿပီး Mi 9S 5G နာမည္နဲ႔ ထြက္လာႏုိင္ပါတယ္။

TENAA က ေဒတာေဘ့စ္အရ Xiaomi Mi 9S 5G မွာ ၆.၃၉ လက္မ AMOLED FHD+ Display ထည့္သြင္းထားႏုိင္ပါတယ္။ အေစာပုိင္းတုန္းက သတင္းထြက္ထားသလို 2K  ႐ုပ္ထြက္ အသံုးျပဳလာမွာ မဟုတ္ပါဘူး။ Xiaomi Mi 9S 5G နဲ႔ Mi 9 အၾကား အႀကီးမားဆံုးေျပာင္းလဲမႈကေတာ့ Snapdragon 855+ ျဖစ္ပါတယ္။ အဲဒီဖုန္းအတြက္ 6/8/12GB RAM နဲ႔   128/256/512GB Storage ေတြ အသီးသီး ပါ၀င္လာပါမယ္။

အေနာက္ဘက္ကင္မရာ ၃ လံုးမွာ အဓိကကင္မရာက 48MP ျဖစ္ပါတယ္။ က်န္ကင္မရာ ၂ လံုးကုိေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ အေရွ႕ကင္မရာကေတာ့ Mi 9 လိုဘဲ 20MP ျဖစ္ၿပီး 2x Optical Zoom ပါ၀င္လာပါမယ္။ Android Pie ေမာင္းႏွင္ထားမွာပါ။   4000 mAh Battery ထည့္သြင္းထားၿပီး Mi 9 ထက္ 700mAh ပိုမ်ားလာပါမယ္။ ေနာက္ထပ္ထူးျခားခ်က္ကေတာ့ 45W Fast Charging ေထာက္ပံ့လာမယ့္ အခ်က္ျဖစ္ပါတယ္။ Mi 9 မွာတုန္းက 27W Fast Charging ပဲ ေထာက္ပံ့ထားပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က ဒုတိယမြောက် 5G Smartphone ကို မကြာခင် ကြေညာမယ်လို့ ပြော

Xiaomi က 5G Smartphone ၁ လုံးကိုသာ ထုတ်လုပ်ထားပြီး အဲဒါကတော့ Mi Mix 3 5G ပါ။ အခုတော့ ကုမ္ပဏီက ဒုတိယမြောက် စွမ်းရည်မြင့် 5G Smartphone ၁ လုံးကို မကြာခင် ကြေညာမယ်လို့ ပြောပါတယ်။ ဝီဘိုကနေ ဒီသတင်းကို ကြေညာလိုက်တာဖြစ်ပြီး တရုတ်က မှတ်ပုံတင် အာဏာပိုင် အဖွဲ့အစည်း ၃ ခုဆီကနေ အသိအမှတ်ပြုလက်မှတ်တွေ ရထားပြီးပြီလို့ ပြောပါတယ်။ တရုတ်မှာ အဲဒီ ဖုန်းကို အစောဆုံး ရောင်းချနိုင်ပါတယ်။

အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီက မပြောသေးပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က 3C နဲ့ TENAA မှာ ထွက်ပေါ်လာတဲ့ M1908F1XE ဟာ အဲဒီ ဖုန်း ဖြစ်နိုင်ပြီး Mi 9S 5G နာမည်နဲ့ ထွက်လာနိုင်ပါတယ်။

TENAA က ဒေတာဘေ့စ်အရ Xiaomi Mi 9S 5G မှာ ၆.၃၉ လက်မ AMOLED FHD+ Display ထည့်သွင်းထားနိုင်ပါတယ်။ အစောပိုင်းတုန်းက သတင်းထွက်ထားသလို 2K ရုပ်ထွက် အသုံးပြုလာမှာ မဟုတ်ပါဘူး။ Xiaomi Mi 9S 5G နဲ့ Mi 9 အကြား အကြီးမားဆုံးပြောင်းလဲမှုကတော့ Snapdragon 855+ ဖြစ်ပါတယ်။ အဲဒီဖုန်းအတွက် 6/8/12GB RAM နဲ့ 128/256/512GB Storage တွေ အသီးသီး ပါဝင်လာပါမယ်။

အနောက်ဘက်ကင်မရာ ၃ လုံးမှာ အဓိကကင်မရာက 48MP ဖြစ်ပါတယ်။ ကျန်ကင်မရာ ၂ လုံးကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ အရှေ့ကင်မရာကတော့ Mi 9 လိုဘဲ 20MP ဖြစ်ပြီး 2x Optical Zoom ပါဝင်လာပါမယ်။ Android Pie မောင်းနှင်ထားမှာပါ။ 4000 mAh Battery ထည့်သွင်းထားပြီး Mi 9 ထက် 700mAh ပိုများလာပါမယ်။ နောက်ထပ်ထူးခြားချက်ကတော့ 45W Fast Charging ထောက်ပံ့လာမယ့် အချက်ဖြစ်ပါတယ်။ Mi 9 မှာတုန်းက 27W Fast Charging ပဲ ထောက်ပံ့ထားပါတယ်။

Ref : gsmarena