Zawgyi

Sony အေနနဲ႔ Xperia XZ2 နဲ႔ XZ2 Compact တို႔အတြက္ Android 9.0 Pie Update ကို ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ Xperia XZ2 Premium, Xperia XZ Premium, Xperia XZ1 နဲ႔ Xperia XZ Compact တို႔အတြက္ Android Pie Update ကေတာ့ ႏိုဝင္ဘာလ အေစာပိုင္းမွာ ထြက္ရွိလာမွာပါ။ Xperia XA2, Xperia XA2 Ultra နဲ႔ Xperia XA2 Plus တို႔အတြက္ Update ကေတာ့ ၂၀၁၉ခုႏွစ္ အေစာပိုင္းေလာက္မွာ ထြက္ရွိလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Android 9.0 Pie Update ကို ဥေရာပရွိ Xperia XZ2 နဲ႔ XZ2 Compact ပိုင္ရွင္မ်ားက စတင္ရရွိတာ ျဖစ္ၿပီး၊ အဲ့ဒီေနာက္မွာေတာ့ အေမရိကရွိ Xperia ပိုင္ရွင္မ်ားက ထပ္မံ ရရွိခဲ့တာ ျဖစ္ပါတယ္။ Update ျပဳလုပ္သူမ်ားရဲ႕ အဆိုအရ Android Pie Update ရဲ႕ Firmware Version ဟာ 52.0.A.3.27 ျဖစ္ၿပီး October Security Patch ပါ ပါဝင္လာတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ အဆိုပါ Android Pie Update က အေမရိကနဲ႔ ဥေရာပတို႔မွာသာ ရရွိေသးတာ ျဖစ္ၿပီး တျခား ဘယ္ႏိုင္ငံေတြ ရရွိေနလဲဆိုတာ တိတိက်က် မသိရေသးပါဘူး။ အေမရိကနဲ႔ ဥေရာပမွာ ရရွိေနၿပီျဖစ္တဲ့အတြက္ အာရွကိုလည္း မၾကာခင္ ေရာက္ရွိလာႏိုင္တာေၾကာင့္ Update Notification တက္မလာေသးရင္ Setting ထဲက Update မွာ Manually Check ျပဳလုပ္ႏိုင္ပါတယ္။

Sony Xperia XZ2 နဲ႔ Xperia XZ2 Compact တို႔ရဲ႕ Android Pie Update ဖိုင္အ႐ြယ္အစားဟာ 1GB ေက်ာ္တဲ့အတြက္ Wi-Fi Connection ေကာင္းဖို႔ လိုအပ္ပါလိမ့္မယ္။ ဒါ့အျပင္ Update ျပဳလုပ္ေနစဥ္အတြင္း ဘက္ထရီအားသြင္းထားသင့္ၿပီး Install လုပ္တဲ့အခ်ိန္မွာ ဘက္ထရီအား ၈၀% ေက်ာ္အထိ ေရာက္ရွိေနဖို႔ အႀကံျပဳခ်င္ပါတယ္။

Ref: gadgets.ndtv

Unicode

Sony Xperia XZ2 နဲ့ Xperia XZ2 Compact တို့အတွက် Android 9.0 Pie Update ထွက်ပြီ

Sony အနေနဲ့ Xperia XZ2 နဲ့ XZ2 Compact တို့အတွက် Android 9.0 Pie Update ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Xperia XZ2 Premium, Xperia XZ Premium, Xperia XZ1 နဲ့ Xperia XZ Compact တို့အတွက် Android Pie Update ကတော့ နိုဝင်ဘာလ အစောပိုင်းမှာ ထွက်ရှိလာမှာပါ။ Xperia XA2, Xperia XA2 Ultra နဲ့ Xperia XA2 Plus တို့အတွက် Update ကတော့ ၂၀၁၉ခုနှစ် အစောပိုင်းလောက်မှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

Android 9.0 Pie Update ကို ဥရောပရှိ Xperia XZ2 နဲ့ XZ2 Compact ပိုင်ရှင်များက စတင်ရရှိတာ ဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ အမေရိကရှိ Xperia ပိုင်ရှင်များက ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ Update ပြုလုပ်သူများရဲ့ အဆိုအရ Android Pie Update ရဲ့ Firmware Version ဟာ 52.0.A.3.27 ဖြစ်ပြီး October Security Patch ပါ ပါဝင်လာတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ Android Pie Update က အမေရိကနဲ့ ဥရောပတို့မှာသာ ရရှိသေးတာ ဖြစ်ပြီး တခြား ဘယ်နိုင်ငံတွေ ရရှိနေလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အမေရိကနဲ့ ဥရောပမှာ ရရှိနေပြီဖြစ်တဲ့အတွက် အာရှကိုလည်း မကြာခင် ရောက်ရှိလာနိုင်တာကြောင့် Update Notification တက်မလာသေးရင် Setting ထဲက Update မှာ Manually Check ပြုလုပ်နိုင်ပါတယ်။

Sony Xperia XZ2 နဲ့ Xperia XZ2 Compact တို့ရဲ့ Android Pie Update ဖိုင်အရွယ်အစားဟာ 1GB ကျော်တဲ့အတွက် Wi-Fi Connection ကောင်းဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် Update ပြုလုပ်နေစဥ်အတွင်း ဘက်ထရီအားသွင်းထားသင့်ပြီး Install လုပ်တဲ့အချိန်မှာ ဘက်ထရီအား ၈၀% ကျော်အထိ ရောက်ရှိနေဖို့ အကြံပြုချင်ပါတယ်။

Ref: gadgets.ndtv