Honda ကားပိုင်ရှင်များစွာက နာရီနဲ့ ပြက္ခဒိန်တွေမှာ ၂၀၀၂ ခုနှစ်ကို ပြသနေတယ်လို့ ကုမ္ပဏီရဲ့ ပလက်ဖောင်းများစွာမှာ တိုင်ကြားနေကြပါတယ်။ တိုင်ကြားတဲ့ လူတွေဟာ အမေရိကန် ၊ ကနေဒါနဲ့ ဗြိတိန်တို့က ဖြစ်ကြပါတယ်။

Honda

အဲဒီပြဿနာဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်ပြီး  GPS Navigation System ပါတဲ့ Honda နဲ့ Acura ကားမော်ဒယ်တွေနဲ့ ပတ်သက်နေပါတယ်။ လက်ရှိမှာ အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း မရှိသေးဘဲ ကားစက်နှိုးလိုက်တာနဲ့ နာရီဟာ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကို အလိုလို ပြောင်းသွားပါတယ်။ အဲဒီ ပြဿနာဟာ ကားစတင်ထုတ်လုပ်ကတည်းက ရှိနေတာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ကူးပြောင်းသွားတဲ့အချိန်မှာ ပေါ်လာတာပါ။ ၂၀၀၂ နဲ့ ၂၀၂၂ ဟာ ဆင်တူတဲ့အတွက် Coding အပိုင်း မှားယွင်းမှုနဲ့ ဆက်စပ်နိုင်ပါတယ်။

Y2K-styled bug leaves several Honda & Acura car clocks stuck in the year  2002 - Gizmochina

Honda က အဲဒီ ပြဿနာကို သိရှိထားပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ Honda ကား ပိုင်ရှင်တွေ နာရီ ပြဿနာကြုံတွေ့ခဲ့တာ ဒါနဲ့ဆို ၃ ကြိမ်ရှိပါပြီ။ Navigation System ပါတဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း ထုတ်တဲ့ Honda နဲ့ Acura မော်ဒယ်တွေမှာ နာရီဟာ ၁၉၉၈ ခုနှစ်ကို ပြောင်းသွားတဲ့ ဖြစ်ရပ် ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း အဲဒီ ပြဿနာ ထပ်မံ ဖြစ်ပွားခဲ့ပြီး ဖြစ်ရပ် ၂ ခုစလုံးမှာ နာရီဟာ လွန်ခဲ့တဲ့ ၁,၀၂၄ ပတ်အတိအကျကို ပြန်ရောက်သွားပါတယ်။

Ref : gizmochina