Apple က ဒီနှစ်နှောင်းပိုင်းမှာ iPhone နဲ့ iPad တွေအတွက် ဖြန့်ချိမယ့် Accessibility Feature အသစ်တွေကို ကြေညာလိုက်ပါတယ်။ အဲဒါတွေဟာ နောက်လမှာ ကြေညာမယ့် iOS 18 နဲ့ iPadOS 18 ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။

You'll soon be able to control your iPhone and iPad with your eyes | Digital Trends

စိတ်ဝင်စားစရာ အကောင်းဆုံးက Eye Tracking ဖြစ်ပြီး iPhone နဲ့ iPad ၂ ခု စလုံးမှာ အလုပ်လုပ်ပါတယ်။ အဲဒီ Device တွေကို သင့် မျက်လုံးနဲ့ ထိန်းချုပ်နိုင်မှာပါ။

အဲဒါဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပေမယ့် လူတိုင်း အသုံးပြုနိုင်ပါတယ်။ Eye Tracking ကို AI နဲ့ ဖန်တီးထားတာပါ။ အရင်ဆုံး သင့်မျက်လုံးကို အရှေ့ ကင်မရာနဲ့ ချိန်ညှိထားရမှာပါ။ ပြီးရင်တော့ အသုံးပြုလို့ရပါပြီ။ On-device Machine Learning ကို အသုံးပြုထားတဲ့အတွက် သင့်မျက်လုံး ဒေတာတွေ လုံခြုံပါတယ်။

တခြား အပို ဟာ့ဒ်ဝဲနဲ့ Accessory တွေ မလိုအပ်တာက တော်တော်မိုက်ပါတယ်။ Eye Tracking ဟာ App တိုင်းနဲ့ အလုပ်လုပ်ပါတယ်။ App ထဲမှာ Navigate လုပ်ဖို့နဲ့ Touch လုပ်ဖို့ သင့်မျက်လုံးကို အသုံးပြုနိုင်ပါတယ်။

Apple က လှုပ်ရှားနေတဲ့ ယာဉ်ထဲက ခရီးသည်တွေ iPhone, iPad ကြည့်တဲ့အခါ Motion Sickness ကို လျှော့ချပေးတဲ့ Vehicle Motion Cues ကိုလည်း ကြေညာလိုက်ပါတယ်။

Ref : gsmarena