AI နည်းပညာ ပါတဲ့ Death Clock App ဟာ လူတွေ သေဆုံးမယ့် အချိန်ကို ကြိုတင်ခန့်မှန်းပေးနိုင်တဲ့အတွက် လူတွေ တော်တော် စိတ်ဝင်စားနေကြပါတယ်။ ဒီနှစ် ဇူလိုင်လ အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ App ဟာ သေဆုံးမယ့် နေ့ကို ခန့်မှန်းဖို့ အသက်၊ အရပ်အမြင့်၊ ကိုယ် အလေးချိန်၊ စားသုံးတဲ့ ကယ်လိုရီ၊ လေ့ကျင့်ခန်း ပြုလုပ်မှု တို့လို ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပါတယ်။

AI App Predicts Users' Time of Death

App Developer Brent Franson က AI ကို လူပေါင်း ၅၃ သန်းရဲ့ သက်တမ်း ၁,၂၀၀ ကျော်ရဲ့ ဒေတာတွေနဲ့ လေ့ကျင့်သင်ကြားပေးထားတယ်လို့ ပြောပါတယ်။ သူက App ရဲ့ လူတွေ သေဆုံးမယ့် အချိန်ကို ခန့်မှန်းတဲ့ ရလဒ်ဟာ တော်တော် တိုးတက်လာတယ်လို့ ပြောပါတယ်။

Your Death Truth Here: Death Clock AI App Predicts Your Final Day— Download If You Dare | News | Zee News

သူက App ရဲ့ ရည်ရွယ်ချက်ဟာ လူတွေ သေဆုံးမယ့် အချိန်ကို ကြိုတင်ခန့်မှန်းဖို့ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင် စားသောက်ကြဖို့ တွန်းအားပေးချင်တာလို့ ပြောပါတယ်။ သင် သေဆုံးမယ့် နေ့ကို ခန့်မှန်းဖို့အတွက် App မှာ မွေးနေ့၊ လိင်၊ ဆေးလိပ်သောက်တဲ့ အကျင့်၊ သင့် ကိုယ်ခန္ဓာ အညွှန်းကိန်း (BMI) နဲ့ နေထိုင်တဲ့ နိုင်ငံတို့ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ သင့် BMI ကို မသိရင် App မှာ BMI Calculator ထည့်သွင်းထားပါတယ်။

လက်ရှိအချိန်အထိ Death Clock App ကို Download ပြုလုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၁၂၅,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး Android နဲ့ iOS မှာ အသုံးပြုနိုင်ပါတယ်။

Ref: Times of India