YouTube က မကြာခင်ကပဲ AD Blocker တွေကို ဖယ်ရှားမယ်လို့ ကြေညာခဲ့ပြီး အခုတော့ Premium Subscriber တွေအတွက် ဝန်ဆောင်မှုတွေ တိုးချဲ့ပေးလိုက်ပါတယ်။ Premium Subscriber တွေဟာ ကြော်ငြာတွေ မမြင်ရသလို အမိုက်စား လုပ်ဆောင်ချက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

YouTube launches ''Playables'' for Premium subscribers

အဲဒီ လုပ်ဆောင်ချက်တွေထဲမှာ Playables လည်း ပါဝင်လာပြီး Premium Subscriber တွေ အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Playables ဟာ YouTube App နဲ့ ဒတ်စတော့ ဝက်ဘ်ဆိုက်မှာ သီးခြား ကဏ္ဍ တစ်ခု အနေနဲ့ ထည့်သွင်းထားပြီး Arcade ဂိမ်းတွေ ကစားနိုင်ပါတယ်။ Premium User တချို့ဟာ Settings ကနေ Playables ကို Enable လုပ်နိုင်ပြီ ဖြစ်ကြောင်း Notification ရရှိနေပါပြီ။

YouTube Playables is rolling out: What is it, and how to access - India  Today

Playables Tab ကို ဖွင့်ပြီးတာနဲ့ ဂိမ်း ၃၇ ခုကို စတင် ကစားနိုင်ပြီ ဖြစ်ပြီး အဲဒီအထဲမှာ Angry Birds Showdown လည်း ပါဝင်ပါတယ်။ အကောင်းဆုံး အချက်က ဘာကိုမှ Download လုပ်စရာ မလိုဘဲ ဂိမ်း အားလုံးကို Mobile YouTube App နဲ့ ဒတ်စတော့ ဘရောက်စာမှာ ကစားနိုင်ပါတယ်။

Netflix ကလည်း အလားတူ ဝန်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။ YouTube က အဲဒီ ဝန်‌ဆောင်မှုကို ၂၀၂၄ ခုနှစ် မတ်လ အထိ ပြုလုပ်ပေးထားမယ်လို့ ပြောပြီး လူကြိုက်များရင် ဆက်လက် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena