YouTube က ကြော်ငြာ ထည့်သွင်းထားတဲ့ TV Channel တွေကို ပြသဖို့ စမ်းသပ်နေပါတယ်။ YouTube က သူ့ရဲ့ ပလက်ဖောင်းမှာ TV Show, Movie နဲ့ TV Channel တွေကို ပြသဖို့ ကုမ္ပဏီများစွာနဲ့ ဆွေးနွေးနေပါတယ်။ တကယ်တော့ YouTube ဟာ အဲဒီ ဝန်ဆောင်မှုကို စတင် စမ်းသပ်နေပြီ ဖြစ်ပြီး YouTube User တချို့ဟာ TV Channel တွေကို ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

YouTube might soon start streaming TV channels for free

လက်ရှိမှာ YouTube ဟာ ကြည့်ရှုသူတွေ စိတ်ဝင်စားသလားဆိုတာ စောင့်ကြည့်နေပြီး လူကြိုက်များရင် ဒီဝန်ဆောင်မှုကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ YouTube က ကြော်ငြာ ဝင်ငွေရဲ့ ၄၅ ရာခိုင်နှုန်းကို ရယူမှာ ဖြစ်ပြီး YouTube ဟာ Content Creator တွေဆီကနေလည်း အဲဒီရာခိုင်နှုန်းကို ရယူထားတာ ဖြစ်ပါတယ်။

YouTube Might Start Streaming TV Channels Soon

ဒါဟာ YouTube ရဲ့ နောက်ထပ် စီမံကိန်း အသစ် ဖြစ်ပါတယ်။ YouTube ဟာ မကြာခင်က NFL Sunday Ticket နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့ပြီး အဲဒီပွဲတွေကို YouTube TV နဲ့ YouTube Primetime Channel တွေမှာ ဒီနှစ်က စတင်ကာ ပြသမှာ ဖြစ်ပါတယ်။ YouTube ဟာ TikTok ကို ယှဉ်ပြိုင်ဖို့ ကြိုးစားတဲ့ အနေနဲ့ YouTube Shorts ရဲ့ Creator တွေကိုလည်း ကြော်ငြာဝင်ငွေ ခွဲပေးဖို့ ပြုလုပ်နေပါတယ်။

Ref : gsmarena