အခုနောက်ပိုင်း Stories Feature ကို Facebook, Messenger နဲ့ Instagram Application တွေက တစ်ဆင့်ရင်းနှီးနေကြမှာပါ။ အခုအချိန်မှာတော့ YouTube ကလည်း Story Feature ကိုထည့်သွင်းတော့မယ်လို့ သိရပါတယ်။

ဒါပေမယ့် YouTube က အဆိုပါ Stories Feature ကို Stories လို့ခေါ်ဆိုမှာမဟုတ်ပဲ YouTube Reels လို့ ခေါ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Feature ဟာ Facebook နဲ့ Instagram ရဲ့ Stories Feature နဲ့မတူညီပဲ Snapchat ရဲ့ Feature နဲ့ပိုပြီးဆင်နေမှာဖြစ်ပါတယ်။

အဆိုပါ YouTube Reels Video တွေက စက္ကန့် ၃၀ အထိပဲ တင်လို့ရမှာဖြစ်ပြီး Facebook Stories လိုမျိုး ဓါတ်ပုံတွေကိုတော့ တင်လို့ရမှာမဟုတ်ပါဘူး။ အဆိုပါ Video တွေကိုလည်း Like, Dislike နဲ့ Comment တွေပေးလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသော Video Link တွေကိုလည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး YouTube Reels Feature ကို စတင်စမ်းသပ်နေတယ်ဆိုပေမယ့် အမှန်တကယ်အသုံးပြုနိုင်မယ့်အချိန်ကိုတော့ YouTube က ကြေငြာသွားခြင်းမရှိသေးပါဘူး။ နောက်ပိုင်းမှာ အခုလိုမျိုး Stories Feature တွေက အောင်မြင်လာဖို့ များနေတယ်လို့ ပြောလို့ရပါတယ်။