Samsung ဟာ ယခုနှစ်အတွက် Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Z Flip4 ဖုန်းတွေကို မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Foldable ဖုန်းတွေဟာ ယခုနှစ်မှာ ကြီးမားတဲ့ Design ပြောင်းလဲမှုတွေမရှိပေမယ့်လည်း တခြားသော Feature ပိုင်းတွေမှာ အဆင့်မြှင့်တင်ထားခဲ့ပါတယ်။

အခုလည်း Samsung ရဲ့ နောက်ဆုံးထွက် Foldable ဖုန်းတွေထဲက Galaxy Z Fold4 ဖုန်းကို YouTuber တစ်ဦးကနေ Windows Phone အဖြစ်ပြောင်းလဲပြီး အသုံးပြုနေပြီဖြစ်ပါတယ်။ အဆိုပါ YouTuber ရဲ့ နာမည်ကတော့ Mark Spurrel လို့ သိရပြီး သူ့ရဲ့ Video ကို အောက်မှာ ကြည့်ရှုနိုင်မှာပါ။

Mark Spurrel ဟာ Samsung Galaxy Z Fold4 ဖုန်းကို Windows Phone ပုံစံပြောင်းလဲအသုံးပြုခဲ့တယ်ဆိုပေမယ့်လည်း OS ကို ပြောင်းလဲတင်သုံးခဲ့တာမဟုတ်ဘဲ Android Launcher နဲ့အတူ Bixby Routine တွေကို အသုံးချပြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် OS အနေနဲ့ကတော့ Android OS ပဲဖြစ်နေဦးမှာပါ။

ဒါပေမယ့်လည်း အသုံးပြုတဲ့အချိန်မှာတော့ Windows Device တစ်လုံးလိုမျိုး ခံစားရအောင် ပြင်ဆင်ထားပြီး Windows လိုမျိုးပဲ Shortcuts တွေ၊ Start Menu တွေပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Cover Screen မှာလည်း ယခင် Windows Phone တွေမှာပါဝင်တဲ့ Tiles တွေကို အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Ref – Gizmo China