Bored Ape Yacht Club (BAYC) NFT Collection ဖန်တီးသူ Yuga Labs က နောက်ရောင်းမယ့် Otherside Metaverse NFT တွေရဲ့ ဈေနှုန်းကို သတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းကြောင့် ApeCoin ဟာ Meme Coin ထက် Utility Token ပိုဆန်သွားပါတယ်။
Also, we’ve heard from the community that we should allot more time for users to set pre-approval for ApeCoin. So starting at 9am ET on 4/30, users will be able to do this. The actual sale will not begin until 9pm ET, a full 12 hours later.
— OthersideMeta (@OthersideMeta) April 29, 2022
Yuga Labs က Otherside NFT တွေကို ရောင်းချဖို့ “Dutch Auction” အစီအစဉ်ကို ဆက်လက် မပြုလုပ်တော့ဘူးလို့ ပြောပါတယ်။ အဲဒီအစား ကုမ္ပဏီဟာ လက်ရှိ ငွေလဲလှယ်နှုန်းအရ ဒေါ်လာ ၆,၇၀၀ ဝန်းကျင် တန်ကြေးရှိတဲ့ ၃၀၅ ApeCoin နဲ့ ရောင်းချဖို့ ရည်မှန်းထားပါတယ်။
Dutch Auction ဟာ လေလံဆွဲသူတွေက မြင့်မားတဲ့ ဈေး စတင်ပေးကြပြီး တဖြည်းဖြည်းချင်း ဈေးလျှော့ပေးကာ လေလံဆွဲတဲ့ နည်းလမ်း ၁ ခု ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီလေလံဆွဲတဲ့ နည်းလမ်းဟာ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ဘလော့ဆောင်းပါး ၁ ခုမှာ ရှင်းပြထားပါတယ်။
Yuga Labs က Otherside NFT စုစုပေါင်း ၅၅,၀၀၀ ကို KYC Wallet နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး Wallet ၁ ခုကို NFT ၂ ခုပဲ ကန့်သတ်ထားတယ်လို့ ပြောပါတယ်။ Otherdeed NFT တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ ဒါပေမယ့် Yuga Labs ရဲ့ Virtual World ဖြစ်တဲ့ Otherside Metaverse မှာ သူတို့ကို အသုံးပြုလာနိုင်ပါတယ်။
Ref : tokenist