Zoom ဟာ အခုအချိန်မှာ Paid အနေနဲ့ အသုံးပြုသူတွေတင်မဟုတ်ဘဲ အခမဲ့အသုံးပြုသူတွေအတွက်ပါ End-to-End Encryption ကို Support ပေးနေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Zoom ကို အသုံးပြုသူတွေဟာ ဝယ်ယူစရာမလိုဘဲ ပိုပြီးလုံခြုံတဲ့ Privacy ကို ပေးစွမ်းနိုင်မှာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Zoom ဟာ အခမဲ့အသုံးပြုသူတွေအတွက် ကြော်ငြာတွေကို ထည့်သွင်းသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ ကုမ္ပဏီရဲ့ Blog Post မှာ ဖော်ပြခဲ့တာဖြစ်ပြီး တချို့သောနိုင်ငံတွေမှာ အရင်ဆုံးထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်နိုင်ငံတွေမှာ ကြော်ငြာတွေရရှိနိုင်မလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒီလိုမျိုး ကြော်ငြာတွေကို ဖော်ပြသွားတော့မယ်ဆိုပေမယ့် Meeting ပြုလုပ်နေတဲ့အချိန်မှာတော့ ပြသသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် Meeting ပြီးတဲ့အချိန်မှာမှ ကြော်ငြာတွေကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါက ပုံမှန်အသုံးပြုသူတွေအတွက် သိသိသာသာ အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ Zoom ကို အခမဲ့အသုံးပြုသူတွေအတွက် အဓိက Limit ကတော့ မိနစ် ၄၀ အထိပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ Zoom ကုမ္ပဏီကတော့ ဒါကို ပြောင်းလဲသွားဖို့ရှိသလားဆိုတာကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အခုလိုမျိုး ကြော်ငြာတွေထည့်သွင်းထားတာကနေ နောက်ပိုင်း Feature အသစ်တွေအတွက် Investment ရရှိလာမယ်လို့ Zoom ကုမ္ပဏီရဲ့ Chief Marketing Officer ဖြစ်တဲ့ Janine Pelosi ကနေ ပြောကြားခဲ့ပါတယ်။

Ref – The Verge