Zoom ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Video Conferencing Software တစ်ခုဖြစ်ပါတယ်။ Zoom ကို လူတိုင်းအနေနဲ့ အခမဲ့အသုံးပြုနိုင်ပေမယ့် တကယ်လို့ ကိုယ်က Video Conferencing ပြောဆိုတဲ့အချိန်မှာ အချိန်အကန့်အသတ်မရှိ အသုံးပြုချင်တယ်ဆိုရင် ဒါမှမဟုတ် တခြားသော Feature အသစ်တွေကို အသုံးပြုချင်တယ်ဆိုရင်လည်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

အခုအချိန်မှာတော့ Zoom ကနေ ယခင်တုန်းက Paid Version မှာပဲ အသုံးပြုနိုင်တဲ့ Feature တစ်ခုကို Free User တွေအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Zoom ကို အခမဲ့အသုံးပြုနေတဲ့သူတွေအတွက် Auto-generated Caption တွေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် Zoom ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ တစ်ဖက်က စကားပြောနေတဲ့သူက ဘာတွေပြောနေတယ်ဆိုတာကို သေချာသိချင်တယ်ဆိုရင် ယခု Feature ဟာ အသုံးဝင်စေမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ English ဘာသာစကားအသုံးပြုနေတဲ့သူတွေအတွက်ပဲ ရရှိဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားသောဘာသာစကားတွေကိုပါ Support ပေးလာမယ်လို့ သိရပါတယ်။

တကယ်လို့ အခု Auto-generated Caption တွေကို Zoom မှာ အသုံးပြုချင်တယ်ဆိုရင်တော့ Zoom Web Portal ထဲကို ဝင်ရောက်ပြီး Navigation Menu ကနေ တစ်ဆင့် Account Management ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Account Settings ကနေတစ်ဆင့် Meeting ထဲကို ဝင်ရောက်ပြီး “In Meeting” Tab ထဲမှာရှိတဲ့ Closed Caption Option ကို Enable ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Ref – The Verge