[Zawgyi]

အျခားေမဂ်ာစမတ္ဖုန္းထုတ္လုပ္သူေတြလုိပဲ ZTE ကလည္း 5G ၿပိဳင္ပြဲေပၚမွာ ေနာက္က်မက်န္ခဲ့ပါဘူး။ တရုတ္အေျခစုိက္ကုမၸဏီဟာ ဖုန္းအသစ္ႏွစ္လုံးကို မိတ္ဆက္လုိက္ၿပီး 5G ခ်ိတ္ဆက္ႏုိင္စြမ္းပါဝင္တဲ့ Axon 10 Pro 5G စမတ္ဖုန္းက သူတုိ႔ရဲ႕ Flagship အသစ္ျဖစ္လာပါတယ္။

Axon 10 Pro ဖုန္းဟာ သတင္းထြက္ထားတဲ့အတုိင္း Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ Qualcomm ရဲ႕ Snapdragon X50 5G Modem တုိ႔ျဖင့္ တည္ေဆာက္လာပါတယ္။ ZTE ဟာ ဒီဖုန္းကို ႏုိင္ငံတကာေစ်းကြက္သုိ႔ ၂၀၁၉ ပထမႏွစ္ဝက္အတြင္းမွာတင္ ျဖန္႔ခ်ိလာမွာပါ။

အားေကာင္းတဲ့ ခ်စ္ပ္ဆက္အသစ္အျပင္ Axon 10 Pro 5G ဖုန္းမွာ 6.47” လက္မ AMOLED Display ပါဝင္ၿပီး Fingerprint ကိုလည္း Display ေအာက္မွာပဲ ထည့္လာပါတယ္။ မန္မုိရီက 6GB RAM နဲ႔ 128 GB Storage တုိ႔ျဖစ္တယ္။ ေက်ာဘက္က Triple-Camera သုံးလုံးတြဲမွာ အခုေခတ္စားေနတဲ့ 48MP Sensor f/1.8 နဲ႔အတူ Ultra Wide-Angle 20MP + Telephoto 8MP တုိ႔ကို တြဲလာပါတယ္။ ေရွ႕ဘက္ဆယ္ဖီကေတာ့ 20MP ပါ။

စမတ္ဖုန္းသစ္ဟာ 4,000 mAh ဘကၳရီပါဝင္ၿပီး Android 9.0 Pie နဲ႔ထြက္လာမွာျဖစ္ပါတယ္။ Spec အေနအထားအျပင္ 5G ခ်ိတ္ဆက္ႏုိင္တဲ့ ဖုန္းအသစ္ျဖစ္တာေၾကာင့္ ေစ်းကေတာ့ သက္သာမွာမဟုတ္ဘူးလို႔ ေမွ်ာ္လင့္ရပါတယ္။

ZTE Blade V10

ေနာက္ထပ္မိတ္ဆက္လာတဲ့ဖုန္းကေတာ့ ZTE Blade V10 စမတ္ဖုန္းျဖစ္ၿပီး သူကေတာ့ သင့္တင့္စြာ တည္ေဆာက္ထားတဲ့ ဖုန္းတစ္လုံးပါ။ 6.3” လက္မအရြယ္ FHD+ Display ပါဝင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ေပၚက Notch အေသးေလးမွာ 32 MP ဆယ္ဖီကင္မရာပါဝင္တယ္။

ခ်စ္ပ္ဆက္ကိုေတာ့ တိတိက်က် မေဖာ္ထုတ္လာေသးဘဲ ZTE က “Octa-core 2.1GHz” လို႔သာ ေျပာထားၿပီး မန္မုိရီက 3 / 4 GB RAM နဲ႔ 32 / 64 GB Storage ဆုိၿပီး ေရြးႏုိင္မွာပါ။ ေက်ာဘက္မွာ 16MP+5MP Dual ္ကင္မရာနဲ႔ Fingerprint တုိ႔ပါဝင္တယ္။ 3,100 mAh ဘကၳရီကေတာ့ USB-C အမ်ဳိးအစားျဖစ္ပါတယ္။

Blade V10 စမတ္ဖုန္းရဲ႕ေစ်းႏႈန္းကိုလည္း မသိရေသးေပမယ့္ လာမယ့္မတ္လအတြင္းမွာ တရုတ္အျပင္ ႏုိင္ငံတကာေစ်းကြက္ကိုပါေရာက္ရွိလာေတာ့မွာပါ။ ရရွိႏုိင္မယ့္အေရာင္ေတြကေတာ့ အနက္၊ အျပာနဲ႔ အစိမ္းတုိ႔ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

အခြားမေဂျာစမတ်ဖုန်းထုတ်လုပ်သူတွေလိုပဲ ZTE ကလည်း 5G ပြိုင်ပွဲပေါ်မှာ နောက်ကျမကျန်ခဲ့ပါဘူး။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ဖုန်းအသစ်နှစ်လုံးကို မိတ်ဆက်လိုက်ပြီး 5G ချိတ်ဆက်နိုင်စွမ်းပါဝင်တဲ့ Axon 10 Pro 5G စမတ်ဖုန်းက သူတို့ရဲ့ Flagship အသစ်ဖြစ်လာပါတယ်။

Axon 10 Pro ဖုန်းဟာ သတင်းထွက်ထားတဲ့အတိုင်း Snapdragon 855 ချစ်ပ်ဆက်နဲ့ Qualcomm ရဲ့ Snapdragon X50 5G Modem တို့ဖြင့် တည်ဆောက်လာပါတယ်။ ZTE ဟာ ဒီဖုန်းကို နိုင်ငံတကာဈေးကွက်သို့ ၂၀၁၉ ပထမနှစ်ဝက်အတွင်းမှာတင် ဖြန့်ချိလာမှာပါ။

အားကောင်းတဲ့ ချစ်ပ်ဆက်အသစ်အပြင် Axon 10 Pro 5G ဖုန်းမှာ 6.47” လက်မ AMOLED Display ပါဝင်ပြီး Fingerprint ကိုလည်း Display အောက်မှာပဲ ထည့်လာပါတယ်။ မန်မိုရီက 6GB RAM နဲ့ 128GB Storage တို့ဖြစ်တယ်။ ကျောဘက်က Triple-camera သုံးလုံးတွဲမှာ အခုခေတ်စားနေတဲ့ 48MP Sensor f/1.8 နဲ့အတူ Ultra Wide-angle 20MP + Telephoto 8MP တို့ကို တွဲလာပါတယ်။ ရှေ့ဘက်ဆယ်ဖီကတော့ 20MP ပါ။

စမတ်ဖုန်းသစ်ဟာ 4,000 mAh ဘက္ထရီပါဝင်ပြီး Android 9.0 Pie နဲ့ထွက်လာမှာဖြစ်ပါတယ်။ Spec အနေအထားအပြင် 5G ချိတ်ဆက်နိုင်တဲ့ ဖုန်းအသစ်ဖြစ်တာကြောင့် ဈေးကတော့ သက်သာမှာမဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

ZTE Blade V10

နောက်ထပ်မိတ်ဆက်လာတဲ့ဖုန်းကတော့ ZTE Blade V10 စမတ်ဖုန်းဖြစ်ပြီး သူကတော့ သင့်တင့်စွာ တည်ဆောက်ထားတဲ့ ဖုန်းတစ်လုံးပါ။ 6.3” လက်မအရွယ် FHD+ Display ပါဝင်ပြီး ရှေ့ဘက်မျက်နှာပြင်ပေါ်က Notch အသေးလေးမှာ 32MP ဆယ်ဖီကင်မရာပါဝင်တယ်။

ချစ်ပ်ဆက်ကိုတော့ တိတိကျကျ မဖော်ထုတ်လာသေးဘဲ ZTE က “Octa-core 2.1GHz” လို့သာ ပြောထားပြီး မန်မိုရီက 3 / 4 GB RAM နဲ့ 32 / 64 GB Storage ဆိုပြီး ရွေးနိုင်မှာပါ။ ကျောဘက်မှာ 16MP+5MP Dual ်ကင်မရာနဲ့ Fingerprint တို့ပါဝင်တယ်။ 3,100 mAh ဘက္ထရီကတော့ USB-C အမျိုးအစားဖြစ်ပါတယ်။

Blade V10 စမတ်ဖုန်းရဲ့ဈေးနှုန်းကိုလည်း မသိရသေးပေမယ့် လာမယ့်မတ်လအတွင်းမှာ တရုတ်အပြင် နိုင်ငံတကာဈေးကွက်ကိုပါရောက်ရှိလာတော့မှာပါ။ ရရှိနိုင်မယ့်အရောင်တွေကတော့ အနက်၊ အပြာနဲ့ အစိမ်းတို့ ဖြစ်ပါတယ်။

Ref – GSM Arena