ZTE က တရုတ်မှာ Axon 11 SE 5G ကို ကြေညာလိုက်ပြီး အဲဒီ စမတ်ဖုန်းရဲ့ အဓိက အစိတ်အပိုင်းက MediaTek Dimensity 800 Chipset ဖြစ်ပါတယ်။ Dual-mode 5G ကို ထောက်ပံ့ပေးပြီး စွမ်းဆောင်ရည်က Snapdragon 765G Chipset နဲ့ တူညီပါတယ်။

ZTE က Axon 11 SE 5G ဟာ ဂိမ်းကစားရင် အရမ်း မိုက်ပြီး အားသွင်းရင် ဖုန်း အပူချိန်ဟာ ၄၀ ဒီဂရီအောက်ပဲ ရှိမယ်လို့ ပြောပါတယ်။ CPU နဲ့ GPU ရဲ့ အပူချိန်ကို စုပ်ယူပေးတဲ့ Graphite Heat Sinks တွေ ထည့်သွင်းထားပါတယ်။ ၆.၅၃ လက်မ IPS LCD 2340x1080p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main  , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။

4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး ZTE က ၁၂ နာရီလောက် အသုံးခံတယ်လို့ ပြောပါတယ်။ နာရီဝက် အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ Android 10 အခြေပြု MiFavor UI OS မောင်းနှင်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး 6/128GB ကို ၁၉၉၈ ယွမ်နဲ့ 8/128GB ကို ၂၂၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Aurora Glamour နဲ့ Aurora Glacier ၂ ရောင်ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena