ပြီးခဲ့တဲ့နှစ်တုန်းက ZTE ကနေ ကမ္ဘာ့ပထမဆုံး Selfie Camera ပါဝင်တဲ့ Axon 20 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Axon 20 5G ဖုန်းဟာ Flagship ဖုန်းမဟုတ်ခဲ့သလို Under Display Selfie Camera ကလည်း တခြားသော ပုံမှန်စမတ်ဖုန်းတွေထက် အားနည်းနေတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလည်း ZTE ကနေ 2nd Generation Under Display Camera ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Axon 30 Pro 5G ဖုန်းဖြစ်လာမယ်လို့ သိရပြီးတော့ ZTE ရဲ့ ၂၀၂၁ ခုနှစ်အတွက် ပထမဆုံးသော Flagship ဖုန်းလည်းဖြစ်လာမှာပါ။

ZTE Axon 30 Pro စမတ်ဖုန်းဟာ Performance ပိုင်းအနေနဲ့ Qualcomm ရဲ့ Snapdragon 888 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Display အနေနဲ့လည်း 120Hz Refresh Rate ကို Support လုပ်တဲ့ 6.9″ Display ပါဝင်မှာဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ Full HD+ ဖြစ်နိုင်သလို QHD+ အထိလည်း ထောက်ပံ့လာနိုင်တယ်လို့ သိရပါတယ်။ Display ကိုတော့ Visionox ကနေ ထုတ်ပေးထားတာဖြစ်ပါတယ်။

Camera အနေနဲ့လည်း လုံးဝကို အသစ်ပြောင်းလဲထားတဲ့ Quad Camera Setup ပါဝင်မှာဖြစ်ပြီး Primary Sensor အနေနဲ့ 200MP Sensor အထိ သုံးစွဲလာနိုင်ပါတယ်။ Battery ပိုင်းမှာတော့ 4700mAh Battery ကိုမှ Super Fast Charging နည်းပညာကိုလည်း အသုံးပြုထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ Samsung ၊ Huawei နဲ့ Xiaomi လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက Under Display Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်နိုင်ခြင်းမရှိသေးတဲ့အတွက် ZTE Axon 30 Pro 5G ဖုန်းက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China