ZTE ဟာ Axon 30 Pro flagship ထွက်လာမယ်ဆိုတာကို အတည်ပြုလိုက်ပါပြီ။ ဒါဟာ Axon 20 Pro ကို ဆက်ခံမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Ni Fei ကတော့ Axon 30 Pro မှာ ထုတ်လုပ်မှုနယ်ပယ်တွင်း အကောင်းဆုံး ကင်မရာစနစ်ပါဝင်လာမယ်လို့ ဆိုပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ZTE Axon 30 Pro မှာ 200MP sensor ပါဝင်မယ်လို့ သိရပါတယ်။ ဒီအကြောင်းကို တရုတ်လူမှုကွန်ရက် Weibo မှာ “WHYLAB” အမည်နဲ့အကောင့်က တင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်တုန်းကလည်း Samsung ရဲ့ 200MP sensor နဲ့ စမတ်ဖုန်းကို မကြာခင်ဖြန့်ချိတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါကြောင့် ZTE Axon 30 Pro ဟာ ဒီ 200MP sensor အသုံးပြုထားတဲ့ ပထမဆုံးဆုံး စီးပွားဖြစ်စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ZTE ကအတည်ပြုလိုက်တဲ့ အခြားအချက်အလက်ကတော့ Axon 30 Pro မှာ Snapdragon 888 SoC အသုံးပြုထားမယ်ဆိုတာပါ။ ဒီ Chipset ရဲ့ ထူးခြားချက်ကလည်း 200MP ကင်မရာတွေကို ထောက်ပံ့ပေးနိုင်တာပဲ ဖြစ်ပါတယ်။

200MP sensor ကို ထောက်ပံ့ပေးနိုင်တဲ့ အခြား Processor တွေကတော့ Exynos 2100, Snapdragon 870, Dimensity 1200, Snapdragon 865 Plus နဲ့ Snapdragon 865 တို့ပဲ ဖြစ်ပါတယ်။ “WHYLAB” ကဖော်ပြတဲ့ ကင်မရာပိုင်း အသေးစိတ်အချက်အလက်အဖြစ် Sensor မော်ဒယ်နံပါတ်ဟာ S5KGND ဖြစ်ပြီး 1/1.37” optical format နဲ့ 1.28um pixel size နဲ့ 0.64um pixel focus size ဖြစ်ကြောင်း သိရပါတယ်။

ကင်မရာဟာ Quad-pixel autofocus ဖြစ်ပြီး 50MP image sensor ကို Quad binning ဒါမှမဟုတ် 12.5MP by 16:1 pixel binning ဖြစ်ပါတယ်။ 16K video output ကိုလည်း ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။ Samsung ဟာ အခုအချိန်အထိ 200MP sensor အတွက်အစီအစဉ်ကို မ ကြေညာသေးပေမယ့် Axon 30 Pro မဖြန့်ခင် ကြေညာလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina