ZTE က တရုတ်မှာ စွမ်းရည်မြင့် Axon 50 Ultra နဲ့ Axon Pad ကို ကြေညာလိုက်ပြီး Snapdragon 8+ Gen 1 Chipset ၊ 80W Charging နဲ့ ZTE MyOS 13 ထည့်သွင်းထားပါတယ်။

ZTE Axon 50 Ultra

Axon 50 Ultra မှာ BeiDou Satellite (BDS) ကို အသုံးပြုထားတဲ့ ဂြိုလ်တု ဆက်သွယ်ရေး ပါလာပြီး မိုဘိုင်းကွန်ရက် မရတဲ့ အချိန်တွေမှာ SMS တွေ ပေးပို့ လက်ခံနိုင်ပါတယ်။ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး LPDDR5X RAM နဲ့ UFS 3.1 Storage ပါပါတယ်။

ZTE Axon 50 Ultra key specs and designZTE Axon 50 Ultra key specs and design

Axon 50 Ultra မှာ 6.67” AMOLED FHD+ မျက်နှာပြင်နဲ့ 144Hz Refresh Rate ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 64MP Sony IMX787 Main (OIS) , 50MP Telephoto (3x Optical Zoom) နဲ့ 50MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု ZTE MyOS 13 မောင်းနှင်ထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

ZTE Axon Pad

ZTE Axon Pad မှာ 12.1” 1600x2560p IPS LCD မျက်နှာပြင်ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 5G ထောက်ပံ့ပါတယ်။ ဒစ်ဂျစ်တယ်ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပြီး Magnetic Keyboard ကို သီးခြား ရောင်းမှာပါ။

ZTE Axon Pad key specs and designZTE Axon Pad key specs and design

Axon Pad မှာ 80W Charging ထောက်ပံ့တဲ့ 10,000mAh Battery တပ်ဆင်ထားပြီး Android 13 အခြေပြု MyOS 13 မောင်းနှင်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ZTE က မပြောသေးပါဘူး။

Ref: gsmarena