ZTE Axon 60 Ultra ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ Axon 60 နဲ့ Axon 60 Lite ကို မိတ်ဆက်လိုက်ပါတယ်။

ZTE Axon 60 and 60 Lite announced - GSMArena.com news

ဖုန်း ၂ လုံးစလုံးရဲ့ ဒီဇိုင်းဟာ iPhone နဲ့ ဆင်တူပြီး အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။ ပြားချပ်တဲ့ ဖရိမ် တပ်ဆင်ထားပြီး ပါဝါခလုတ်ကို အနီရောင် ပြုလုပ်ထားပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

ZTE Axon 60 and 60 Lite announced - GSMArena.com news

ဖုန်း ၂ လုံးစလုံးမှာ Apple Dynamic  Island လို အလုပ်လုပ်နိုင်တဲ့ Punch Hole Cutout ပါလာပါတယ်။ အဲဒီ Feature ကို ZTE Live Island လို့ အမည်ပေးထားပြီး Notification , Reminder နဲ့ တခြားသတင်းအချက်အလက်တွေကို ပြသပေးပါတယ်။ Axon 60 မှာ 6.72” FHD+ Display နဲ့ Lite မှာ 6.6 HD+ Display ပါလာပြီး ၂ ခုစလုံးမှာ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 50MP Main  ကင်မရာ တပ်ဆင်ထားပါတယ်။ ရိုးရိုးမော်ဒယ်မှာ 2MP Macro နဲ့ Depth ကင်မရာတွေ ပါပါတယ်။ Lite မှာ 2MP Depth နဲ့ AI ကင်မရာ တပ်ဆင်ထားပါတယ်။ အရှေ့ ဘက်မှာ ရိုးရိုးနဲ့ Lite မှာ 32MP နဲ့ 8MP ဆဲလ်ဖီး ကင်မရာတွေ အသီးသီး ပါလာပါတယ်။

Unisoc T616 နဲ့ Unisoc T606 Processor အသီးသီး တပ်ထားပါတယ်။ ရိုးရိုးမှာ 6GB RAM နဲ့ Lite မှာ 4GB RAM ထည့်ထားပြီး Virtual RAM သုံးနိုင်ပါတယ်။ ၂ လုံးစလုံးမှာ 5,000mAh Battery ပါလာပြီး 22.5W Charging ထောက်ပံ့ထားပါတယ်။ Android 13 OS မောင်းနှင်ထားပါတယ်။

Axon 60 နဲ့ Axon 60 Lite အတွက် Gold, Purple, Black နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး ၂၁၉ ဒေါ်လာနဲ့ ၁၇၇ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gizmochina