[Zawgyi]

ZTE က တန္ဖိုးနည္း စြမ္းရည္နိမ့္ စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာလိုက္ပါတယ္။ ဒီလ ၂၈ ရက္ေန႔ စေရာင္းမွာ ျဖစ္ၿပီး ယြမ္ ၁,၀၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂ သိန္းေလာက္ပဲရွိပါတယ္။ အဲဒီ ဖုန္းမွာ ၆.၄၉ လက္မ LCD HD+ Display ထည့္သြင္းထားၿပီး 19.5:9 Aspect Ratio ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္းပါ။  Screen-to-body Ratio က ၉၁.၁ ရာခုိင္ႏႈန္းရွိၿပီး အရြယ္ေသး Notch ပါပါတယ္။

MediaTek Helio P60 Chipset , 4GB RAM နဲ႔ 128GB Storage ေတြ ထည့္ထားပါတယ္။ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ထည့္သြင္းထားၿပီး 16MP Main , 8MP Ultrawide နဲ႔ 2MP Depth Sensor ေတြျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ အေရွ႕နဲ႔ အေနာက္ကင္မရာေတြမွာ HDR Modes နဲ႔ AI လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။

Blade 20 ရဲ႕ အလန္းဆံုး အစိတ္အပိုင္းက 5,000mAh Battery ျဖစ္ပါတယ္။ 18W Fast Charger ပါလာပါတယ္။ တျခား ဖုန္းေတြကိုေတာင္ အားျပန္သြင္းေပးႏုိင္တာက မိုက္ပါတယ္။ microUSB Port သာ ပါတာကေတာ့ ဒိတ္ေအာက္ပါတယ္။ ဒီဖုန္းက ကေလးငယ္ေတြအတြက္ အသံုး၀င္ပါတယ္။ Remote Care လုပ္ေဆာင္ခ်က္က နည္းပညာ အကူအညီေတြကို လွ်င္ျမန္စြာ ပံ့ပိုးေပးႏုိင္ပါတယ္။ WiFi ခ်ိတ္ဆက္ဖို႔ ဒါမွမဟုတ္ Mobile Data ပိတ္ဖို႔ေတြအတြက္ ဖုန္းကို အေ၀းကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ နည္းပညာ မကြ်မ္းက်င္သူေတြအတြက္ လန္းတဲ့လုပ္ေဆာင္ခ်က္ေတြ ျဖစ္ပါတယ္။

SOS လုပ္ေဆာင္ခ်က္မွာ Emergency Contacts ၅ ေယာက္ သတ္မွတ္ထားႏုိင္ပါတယ္။ GPS နဲ႔ CellID Tracking ေတြလည္း ထည့္သြင္းထားပါတယ္။ စြမ္းရည္ မျမင့္မားေပမယ့္ ေစ်းခ်ိဳတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

အရွယ်ကြီး 5,000mAh Battery ပါလာတဲ့ ZTE Blade 20

ZTE က တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ ဒီလ ၂၈ ရက်နေ့ စရောင်းမှာ ဖြစ်ပြီး ယွမ် ၁,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ပဲရှိပါတယ်။ အဲဒီ ဖုန်းမှာ ၆.၄၉ လက်မ LCD HD+ Display ထည့်သွင်းထားပြီး 19.5:9 Aspect Ratio ဖြစ်တဲ့အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ Screen-to-body Ratio က ၉၁.၁ ရာခိုင်နှုန်းရှိပြီး အရွယ်သေး Notch ပါပါတယ်။

MediaTek Helio P60 Chipset , 4GB RAM နဲ့ 128GB Storage တွေ ထည့်ထားပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 16MP Main , 8MP Ultrawide နဲ့ 2MP Depth Sensor တွေဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေမှာ HDR Modes နဲ့ AI လုပ်ဆောင်ချက်တွေ ပါပါတယ်။

Blade 20 ရဲ့ အလန်းဆုံး အစိတ်အပိုင်းက 5,000mAh Battery ဖြစ်ပါတယ်။ 18W Fast Charger ပါလာပါတယ်။ တခြား ဖုန်းတွေကိုတောင် အားပြန်သွင်းပေးနိုင်တာက မိုက်ပါတယ်။ microUSB Port သာ ပါတာကတော့ ဒိတ်အောက်ပါတယ်။ ဒီဖုန်းက ကလေးငယ်တွေအတွက် အသုံးဝင်ပါတယ်။ Remote Care လုပ်ဆောင်ချက်က နည်းပညာ အကူအညီတွေကို လျှင်မြန်စွာ ပံ့ပိုးပေးနိုင်ပါတယ်။ WiFi ချိတ်ဆက်ဖို့ ဒါမှမဟုတ် Mobile Data ပိတ်ဖို့တွေအတွက် ဖုန်းကို အဝေးကနေ ထိန်းချုပ်နိုင်ပါတယ်။ နည်းပညာ မကျွမ်းကျင်သူတွေအတွက် လန်းတဲ့လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

SOS လုပ်ဆောင်ချက်မှာ Emergency Contacts ၅ ယောက် သတ်မှတ်ထားနိုင်ပါတယ်။ GPS နဲ့ CellID Tracking တွေလည်း ထည့်သွင်းထားပါတယ်။ စွမ်းရည် မမြင့်မားပေမယ့် ဈေးချိုတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Ref : gsmarena