[Zawgyi]

ZTE Blade 20 ရဲ႕ သတင္းအခ်က္အလက္ေတြ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) ကေန ထြက္ေပၚလာပါတယ္။ Specs ေတြအရ အဲဒီ ဖုန္းဟာ စြမ္းရည္သင့္ အမ်ိဳးအစား ျဖစ္ၿပီး အရြယ္ႀကီး ဘက္ထရီ ပါလာမွာပါ။ အေနာက္ကင္မရာ ၃ လံုးကို ေလးေထာင့္ကြက္ထဲမွာ ထည့္ထားပါတယ္။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ အဲဒီ ဖုန္းမွာ ၆.၀၈၈ လက္မ 1560x720p Display ထည့္သြင္းထားမွာပါ။ အရြယ္ေသး Notch မွာ အေရွ႕ကင္မရာ ၁ လံုး တပ္ဆင္ထားမွာပါ။

2.0GHz Octa-core Processor , 4GB RAM နဲ႔ 64GB Storage ေတြ ပါပါတယ္။ 4,870mAh Battery ပါတဲ့ အတြက္ Battery သက္တမ္း အရမ္းလန္းမွာပါ။ 18W Fast Charge ကလည္း အရမ္း မိုက္ပါတယ္။ အေနာက္ကင္မရာေတြကို ေလးေထာင့္ကြက္ထဲမွာ ထည့္ထားၿပီး ဘယ္ဘက္အေပၚေထာင့္မွာ ေနရာခ်ထားပါတယ္။ 16MP Main , 8MP Ultrawide နဲ႔ 2MP Depth Sensors ေတြ ျဖစ္ပါတယ္။ အေရွ႕ ကင္မရာက 5MP ျဖစ္ပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ထားပါတယ္။

ဖုန္းရဲ႕ ညာဘက္ျခမ္းမွာ ပါ၀ါနဲ႔ အသံခလုတ္ေတြ တပ္ဆင္ထားပါတယ္။ SIM + MicroSD Tray ကေတာ့ ဘယ္ဘက္ျခမ္းမွာပါ။ Audio Jack နဲ႔ USB Type-C Port ေတြ ပါပါတယ္။ Android 9 Pie အေျချပဳ ZTE MiFavor UI ေမာင္းႏွင္ထားမွာပါ။ အနက္နဲ႔ အျပာေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 155 x 72.7 x 8.95mm ျဖစ္ၿပီး ၁၆၄ ဂရမ္ ေလးပါတယ္။

Blade 20 ရဲ႕ Specs ေတြဟာ မၾကာခင္က ေၾကညာခဲ့တဲ့ Blade A7s နဲ႔ ေတာ္ေတာ္တူပါတယ္။ ဒါေပမယ့္ ပိုႀကီးတဲ့  Battery ၊ လက္ေဗြရာ ကိရိယာနဲ႔ ဒီဇိုင္း ဆန္းသစ္ထားတဲ့ အေနာက္ကိုယ္ထည္ေတြ ပါလာမွာပါ။

Ref : gizmochina

[Unicode]

လေးထောင့် ကင်မရာဒီဇိုင်းနဲ့ ZTE Blade 20

ZTE Blade 20 ရဲ့ သတင်းအချက်အလက်တွေ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) ကနေ ထွက်ပေါ်လာပါတယ်။ Specs တွေအရ အဲဒီ ဖုန်းဟာ စွမ်းရည်သင့် အမျိုးအစား ဖြစ်ပြီး အရွယ်ကြီး ဘက်ထရီ ပါလာမှာပါ။ အနောက်ကင်မရာ ၃ လုံးကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီ ဖုန်းမှာ ၆.၀၈၈ လက်မ 1560x720p Display ထည့်သွင်းထားမှာပါ။ အရွယ်သေး Notch မှာ အရှေ့ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

2.0GHz Octa-core Processor , 4GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။ 4,870mAh Battery ပါတဲ့ အတွက် Battery သက်တမ်း အရမ်းလန်းမှာပါ။ 18W Fast Charge ကလည်း အရမ်း မိုက်ပါတယ်။ အနောက်ကင်မရာတွေကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပြီး ဘယ်ဘက်အပေါ်ထောင့်မှာ နေရာချထားပါတယ်။ 16MP Main , 8MP Ultrawide နဲ့ 2MP Depth Sensors တွေ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 5MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ထားပါတယ်။

ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။ SIM + MicroSD Tray ကတော့ ဘယ်ဘက်ခြမ်းမှာပါ။ Audio Jack နဲ့ USB Type-C Port တွေ ပါပါတယ်။ Android 9 Pie အခြေပြု ZTE MiFavor UI မောင်းနှင်ထားမှာပါ။ အနက်နဲ့ အပြာရောင်တွေ ရွေးချယ်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 155 x 72.7 x 8.95mm ဖြစ်ပြီး ၁၆၄ ဂရမ် လေးပါတယ်။

Blade 20 ရဲ့ Specs တွေဟာ မကြာခင်က ကြေညာခဲ့တဲ့ Blade A7s နဲ့ တော်တော်တူပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့ Battery ၊ လက်ဗွေရာ ကိရိယာနဲ့ ဒီဇိုင်း ဆန်းသစ်ထားတဲ့ အနောက်ကိုယ်ထည်တွေ ပါလာမှာပါ။

Ref : gizmochina