Zawgyi

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ ZTE ဟာ Blade V7s စမတ္ဖုန္းကို လာမယ့္ေအာက္တုိဘာလ ၁၈ ရက္ေန႔မွာ မိတ္ဆက္သြားမယ့္အေၾကာင္း Weibo ပိုစ့္တစ္ခုမွာ ေဖာ္ျပလာခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ ဖုန္းအသစ္တစ္လုံးလည္း အတူပါလာဦးမယ္လို႔ ဆုိထားတာေၾကာင့္ ခုရက္ပိုင္းအတြင္းမွာ သတင္းေတြထြက္ေနတဲ့ Blade 20 ကိုပါ တရားဝင္ျမင္ေတြ႕ရဖို႔ နီးစပ္လာပါတယ္။

Blade 20 စမတ္ဖုန္းကို FCC ေပၚမွာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ကာ အေပၚဘယ္ဘက္ေထာင့္မွာ ေလးေထာင့္ပုံ ကင္မရာအခန္းေလး ပါဝင္လာခဲ့ပါတယ္။ ယေန႔မွာေတာ့ ေမာ္ဒယ္အမွတ္ ZTE V1050 ဟန္းဆက္ကို တူညီတဲ့ဒီဇုိင္းနဲ႔ TENAA ေပၚမွာ ထပ္မံေတြ႕ရွိခဲ့ရတာပါ။

Blade 20 ရဲ႕ အခ်က္အလက္တစ္ခ်ဳိ႕ကိုေတာ့ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ေသာ္လည္း တရုတ္အေျခစုိက္ မွတ္ပုံတင္ဝက္ဘ္ဆုိက္က ထပ္မံေဖာ္ျပခဲ့ပါတယ္။ သူ႕မွာ 2GHz ျမန္ႏႈန္းနဲ႔ Octa-core CPU တစ္ခု ပါဝင္ၿပီး မန္မုိရီက 4GB RAM နဲ႔ 64GB Storage အသီးသီးျဖစ္ပါတယ္။

မ်က္ႏွာျပင္ကေတာ့ 6.1” LCD ျဖစ္ကာ HD+ Resolution လို႔ ဆုိထားတယ္။ ဘကၳရီကလည္း TENAA မွာေဖာ္ျပခ်က္အရပါ 4,870 mAh လို႔ဆုိထားတဲ့အတြက္ ေတာ္ေတာ္ေလးကို ႀကီးတယ္လို႔ ေျပာလို႔ရပါတယ္။ Blade 20 စမတ္ဖုန္းဟာ 16MP အဓိက ကင္မရာကို 8MP, 2MP Sensor ႏွစ္ခုနဲ႔ တြဲဖက္ထားၿပီး Selfie ကင္မရာက 5MP ျဖစ္ပါတယ္။

ဘာပဲေျပာေျပာ ZTE ကေတာ့ လာမယ့္ ၁၈ ရက္ေန႔မွာ ထုတ္ကုန္သစ္ေတြကို ထပ္မံခ်ျပလာဦးမွာျဖစ္ၿပီး လူစိတ္ဝင္စားေနတဲ့ Blade 20 ကိုလည္း တရားဝင္ေၾကညာလာေတာ့မွာပါ။ ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ ေစ်းကြက္ စတာေတြကို အဆုိပါေန႔မွာ သိရေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ ZTE ဟာ Blade V7s စမတ်ဖုန်းကို လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားမယ့်အကြောင်း Weibo ပိုစ့်တစ်ခုမှာ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ဖုန်းအသစ်တစ်လုံးလည်း အတူပါလာဦးမယ်လို့ ဆိုထားတာကြောင့် ခုရက်ပိုင်းအတွင်းမှာ သတင်းတွေထွက်နေတဲ့ Blade 20 ကိုပါ တရားဝင်မြင်တွေ့ရဖို့ နီးစပ်လာပါတယ်။

Blade 20 စမတ်ဖုန်းကို FCC ပေါ်မှာ မြင်တွေ့ခဲ့ရပြီးဖြစ်ကာ အပေါ်ဘယ်ဘက်ထောင့်မှာ လေးထောင့်ပုံ ကင်မရာအခန်းလေး ပါဝင်လာခဲ့ပါတယ်။ ယနေ့မှာတော့ မော်ဒယ်အမှတ် ZTE V1050 ဟန်းဆက်ကို တူညီတဲ့ဒီဇိုင်းနဲ့ TENAA ပေါ်မှာ ထပ်မံတွေ့ရှိခဲ့ရတာပါ။

Blade 20 ရဲ့ အချက်အလက်တစ်ချို့ကိုတော့ မြင်တွေ့ခဲ့ရပြီးဖြစ်သော်လည်း တရုတ်အခြေစိုက် မှတ်ပုံတင်ဝက်ဘ်ဆိုက်က ထပ်မံဖော်ပြခဲ့ပါတယ်။ သူ့မှာ 2GHz မြန်နှုန်းနဲ့ Octa-core CPU တစ်ခု ပါဝင်ပြီး မန်မိုရီက 4GB RAM နဲ့ 64GB Storage အသီးသီးဖြစ်ပါတယ်။

မျက်နှာပြင်ကတော့ 6.1” LCD ဖြစ်ကာ HD+ Resolution လို့ ဆိုထားတယ်။ ဘက္ထရီကလည်း TENAA မှာဖော်ပြချက်အရပါ 4,870 mAh လို့ဆိုထားတဲ့အတွက် တော်တော်လေးကို ကြီးတယ်လို့ ပြောလို့ရပါတယ်။ Blade 20 စမတ်ဖုန်းဟာ 16MP အဓိက ကင်မရာကို 8MP, 2MP Sensor နှစ်ခုနဲ့ တွဲဖက်ထားပြီး Selfie ကင်မရာက 5MP ဖြစ်ပါတယ်။

ဘာပဲပြောပြော ZTE ကတော့ လာမယ့် ၁၈ ရက်နေ့မှာ ထုတ်ကုန်သစ်တွေကို ထပ်မံချပြလာဦးမှာဖြစ်ပြီး လူစိတ်ဝင်စားနေတဲ့ Blade 20 ကိုလည်း တရားဝင်ကြေညာလာတော့မှာပါ။ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဈေးကွက် စတာတွေကို အဆိုပါနေ့မှာ သိရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena