ZTE ကနေလည်း အခုနောက်ပိုင်းခေတ်စားလာတဲ့ 18:9 Full Screen Display နဲ့ စမတ်ဖုန်းထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အခုစမတ်ဖုန်းကိုတော့ ZTE Blade V9 လို့ခေါ်ဆိုသွားမှာဖြစ်ပြီးတော့ 5.7″ Full HD+ 18:9 Display ပါဝင်လာမှာဖြစ်ပါတယ်။

အခု ZTE Blade V9 စမတ်ဖုန်းက အမြင့်ပိုင်းဖုန်းအမျိုးအစားတစ်ခုတော့ ဟုတ်ဟန်မတူပဲ Mid Range ဖုန်းအနေနဲ့ပဲ ဖြစ်ဖို့များပါတယ်။ Processor အနေနဲ့ Qualcomm Snapdragon 450 CPU, RAM က 2GB, 3GB နဲ့ 4GB ကို ROM 16GB, 32GB နဲ့ 64GB တွေနဲ့ တွဲဖက်လာမယ်လို့သိရပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ Dual Camera ပါဝင်မှာဖြစ်ပြီး 16MP + 5MP Back Camera နဲ့ 13MP Selfie Camera တွေပါဝင်မယ်လို့ သိရပါတယ်။ အဆိုပါ ZTE Blade V9 စမတ်ဖုန်းမှာ 3200mAh Battery နဲ့ Headphone Jack, Fingerprint Scanner စသဖြင့် အပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။

အခု ZTE Blade V9 စမတ်ဖုန်းကို လှပတဲ့ Dual Glass Design နဲ့ ပြုလုပ်ထားတာာဖြစ်ပြီး အရောင်အနေနဲ့တော့ ရွှေရောင်နဲ့ အမည်းရောင်ဆိုပြီး ထုတ်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းကိုတော့ အတိအကျသိရခြင်းမရှိသေးပါဘူး။