ZTE Axon 11 5G ကို မတ်လမှာ ကြေညာခဲ့ပြီး အခုတော့ တန်ဖိုးနည်း မော်ဒယ်ဖြစ်တဲ့ Axon 11 SE ကို ဇွန်လ ၁ ရက်နေ့  တရုတ်မှာ ချပြမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကို မပြောသေးပေမယ့် TENAA ကနေ Specs တချို့ကို သိလာရပါပြီ။

ZTE က မျှဝေထားတဲ့ ပိုစတာမှာ “ Lights Camera , action” လို့ ရေးသားထားပြီး ကင်မရာ စွမ်းရည်ကို အသားပေးထားနိုင်ပါတယ်။ ဇွန်လ ၁ ရက်နေ့ တရုတ် စံတော်ချိန် နေ့လည်  ၂ နာရီမှာ အွန်လိုင်းကနေ Livestream နဲ့ ကြေညာမှာ ဖြစ်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ ZTE Axon 11 SE 5G မှာ 7nm MediaTek Dimensity 800 5G SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Snapdragon 765G နဲ့ စွမ်းရည်တူပါတယ်။ ပိုစတာအရ Axon 11 SE ကို လူငယ်တွေအတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ Qualcomm Chipset ပါတဲ့ မော်ဒယ်ထက် ဈေးနှုန်း ချိုသာမှာ သေချာပါတယ်။

TENAA က စာရင်းအရ ၆.၅၃ လက်မ LCD FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main နဲ့ 8MP Ultrawide , 2MP Depth or Macro ကင်မရာတွေ ပါလာနိုင်ပြီး ကင်မရာ ၃ လုံး ဒါမှမဟုတ် ၄ လုံး ထည့်ထားနိုင်ပါတယ်။ 6GB or 8GB RAM နဲ့ 64GB , 128GB နဲ့ 256GB Storage တွေ ထုတ်လုပ်ထားနိုင်ပြီး Android 10 အခြေပြု ZTE MiFavor UI နဲ့ 3,900mAh ဘက်ထရီ ပါလာမှာပါ။

Ref : gsmarena