ZTE ကုမ္ပဏီဟာ အောင်မြင်တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ဈေးနှုန်းအသင့်အတင့်နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ZTE ဟာ ပြင်းထန်တဲ့ ပိတ်ပင်မှုတစ်ခုကိုခံလိုက်ရပြီဖြစ်ပါတယ်။

Source : PhoneArena

အဆိုပါ ပိတ်ပင်မှုကတော့ US Department of Commerce ကနေ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီးတော့ ပိတ်ဆို့မှုဆိုင်ရာ ဥပဒေအချို့ကို ZTE က ချိုးဖောက်ခဲ့တဲ့အတွက် အမေရိကန်ကုမ္ပဏီတွေဆီကနေ ကုန်ပစ္စည်းဝယ်ယူခွင့်ကို ပိတ်ပင်ခံခဲ့ရတာပါ။

အခုလိုပိတ်ပင်ခံရတဲ့အကြောင်းပြချက်ကတော့ မနှစ်တုန်းက ZTE ကနေ အီရန်နိုင်ငံကို အမေရိကန်ထုတ် ကုန်ပစ္စည်း နဲ့ နည်းပညာတွေကို တရားမဝင်ရောင်းချခဲ့ပြီး အဲ့ဒီအချိန်တုန်းက ပစ်ဒဏ်ပေးခံခဲ့ရတဲ့အတိုင်း ဝန်ထမ်း ၄ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပေမယ့် ကျန်ပါဝင်ပတ်သတ်ခဲ့တဲ့ အလုပ်သမား ၃၅ ဦးကို အရေးယူမှုမပြုလုပ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

Source : PhoneArena

အဲ့ဒီအတွက် ZTE ဟာ သူရဲ့ မကြာခင် ကြေငြာတော့မယ့် Qualcomm Snapdragon 845 သုံး စမတ်ဖုန်းကို ရောင်းချခွင့်ရဖို့ မသေချာတော့သလို အခု ပိတ်ပင်ခံရမှုမပြီးဆုံးခင်အထိ Snapdragon Processor တွေကို အသုံးမပြုနိုင်တော့ပါဘူး။

ကံဆိုးလှချည်လား.. ZTE ။