ZTE က ကုမ္ပဏီရဲ့ ပထမဆုံး ဒေါင်လိုက် Foldable ဖုန်း ဖြစ်တဲ့ Libero Flip ကို ကြေညာလိုက်ပြီး ၄၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းမှာ Snapdragon 7 Gen 1 Chip ထည့်သွင်းထားပြီး 6GB RAM /128GB Storage ပါပါတယ်။

6.9” 2790x1188p အတွင်းဘက်မျက်နှာပြင် တပ်ထားပြီး အပြင်ဘက်မှာ 1.43” မျက်နှာပြင် အဝိုင်း ပါပါတယ်။ အပြင်ဘက်မျက်နှာပြင်ဟာ ဆဲလ်ဖီးရိုက်တာ၊ ခြေလှမ်းမှတ်တာ၊ ရာသီဥတု အခြေအနေတွေ ပြပေးတာနဲ့ သီချင်းဖွင့်တာတွေ အပါအဝင် စွမ်းရည်များစွာ ပါပါတယ်။

Libero Flip မှာ 50MP Main , 2MP ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ထားပါတယ်။ Gold, White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,310mAh Battery ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Recognition ထောက်ပံ့ထားပါတယ်။

ခေါက်ထားရင် အထူက ၇၆ မီလီမီတာနဲ့ ဖြန့်ထားရင် ၇.၃ မီလီမီတာ ရှိပြီး အလေးချိန်က ၂၁၄ ဂရမ် ဖြစ်ပါတယ်။ IP42 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး WiFi 6, ,Bluetooth 5.2 နဲ့ NFC ထည့်သွင်းထားပါတယ်။

ZTE ရဲ့ Nubia Brand ကလည်း Nubia Flip 5G အမည်ရ ဒေါင်လိုက် Foldable ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Ref : gizmochina