[Zawgyi]

ZTE က အေမရိကန္မွာ Blade A7 Prime နဲ႔ Blade A10 Prime စမတ္ဖုန္း အသစ္ ၂ လံုးကို မိတ္ဆက္လိုက္ပါတယ္။ Blade A7 Prime ဟာ ၉၉ ေဒၚလာပဲရွိၿပီး ျမန္မာေငြ ၁၅၀,၀၀၀ ေလာက္ပဲရွိပါတယ္။ Specs ေတြကေတာ့ အားနည္းပါတယ္။ Blade A10 Prime ကို ၁၇၉ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၇၀ ၀၀၀ ေလာက္ရွိပါတယ္။ အဲဒီဖုန္းမွာ ပိုေကာင္းတဲ့ Specs နဲ႔ Features ေတြ ပါပါတယ္။

Blade A7 Prime

Blade A7 Prime မွာ ၆.၀၉ လက္မ HD+ Waterdrop Notch Display ပါပါတယ္။ ဒီႏွစ္ထုတ္ ZTE ဖုန္းေတြမွာလို အနီေရာင္ ပါ၀ါခလုတ္ပါတာက ဒီဇိုင္းလန္းပါတယ္။ Helio A22 Processor , 3GB RAM နဲ႔ 32GB Storage ေတြပါပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၁ လံုးပဲပါၿပီး 16MP ျဖစ္ပါတယ္။ အေရွ႕ ကင္မရာက 5MP ျဖစ္ပါတယ္။

အေနာက္ဘက္ကို ပလတ္စတစ္နဲ႔ တည္ေဆာက္ထားၿပီး Texture Design က အျမင္ဆန္းပါတယ္။ Android 9 ေမာင္းႏွင္ထားၿပီး USB Type-C Port ကေန တဆင့္ 3,200mAh Battery ကို အားသြင္းႏိုင္ပါတယ္။

Blade A10 Prime

Blade A10 Prime မွာ ပိုႀကီးတဲ့ ၆.၃ လက္မ FHD+ 19:9 Display ထည့္ထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 16MP ျဖစ္ၿပီး အရြယ္ေသး Notch မွာ တပ္ဆင္ထားပါတယ္။ အေနာက္ကင္မရာေတြက 16MP+5MP ျဖစ္ပါတယ္။ ပိုလန္းတဲ့ Helio P60 Processor ေမာင္းႏွင္ထားၿပီး 3GB RAM နဲ႔ 64GB Storage ေတြ ပါပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာ၊ 3,200mAh Battery ၊ USB Type-C Port ေတြ ထည့္ထားပါတယ္။ အနက္ေရာင္ ၁ မ်ိဳးပဲ ထုတ္လုပ္ထားပါတယ္။

Ref : gizmochina

[Unicode]

ZTE က အမေရိကန်မှာ Blade A7 Prime နဲ့ Blade 10 Prime ကို မိတ်ဆက်

ZTE က အမေရိကန်မှာ Blade A7 Prime နဲ႔ Blade A10 Prime စမတ်ဖုန်း အသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Blade A7 Prime ဟာ ၉၉ ဒေါ်လာပဲရှိပြီး မြန်မာငွေ ၁၅၀,၀၀၀ လောက်ပဲရှိပါတယ်။ Specs တွေကတော့ အားနည်းပါတယ်။ Blade A10 Prime ကို ၁၇၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၇၀ ၀၀၀ လောက်ရှိပါတယ်။ အဲဒီ ဖုန်းမှာ ပိုကောင်းတဲ့ Specs နဲ့ Features တွေ ပါပါတယ်။

Blade A7 Prime
Blade A7 Prime မှာ ၆.၀၉ လက်မ HD+ Waterdrop Notch Display ပါပါတယ်။ ဒီနှစ်ထုတ် ZTE ဖုန်းတွေမှာလို အနီရောင် ပါဝါခလုတ်ပါတာက ဒီဇိုင်းလန်းပါတယ်။ Helio A22 Processor , 3GB RAM နဲ့ 32GB Storage တွေပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးပဲပါပြီး 16MP ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 5MP ဖြစ်ပါတယ်။

အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး Texture Design က အမြင်ဆန်းပါတယ်။ Android 9 မောင်းနှင်ထားပြီး USB Type-C Port ကနေ တဆင့် 3,200mAh Battery ကို အားသွင်းနိုင်ပါတယ်။

Blade A10 Prime


Blade A10 Prime မှာ ပိုကြီးတဲ့ ၆.၃ လက်မ FHD+ 19:9 Display ထည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေက 16MP+5MP ဖြစ်ပါတယ်။ ပိုလန်းတဲ့ Helio P60 Processor မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ၊ 3,200mAh Battery ၊ USB Type-C Port တွေ ထည့်ထားပါတယ်။ အနက်ရောင် ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina