ZTE က ပိုင်ဆိုင်တဲ့ Smartphone Brand တစ်ခုဖြစ်တဲ့ Nubia ကနေ အခုအချိန်မှာတော့ Gaming စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု Gaming စမတ်ဖုန်းကို ZTE Nubia Red Magic လို့ နာမည်ပေးထားပြီး Razer Phone နဲ့ Xiaomi Black Shark Gaming ဖုန်းတွေပြီးရင် တတိယမြောက် Gaming Phone ဖြစ်လာပါတယ်။

ZTE Nubia Gaming စမတ်ဖုန်းက 6″ Full HD+ Display ကို အသုံးပြုထားပြီးတော့ အကြမ်းခံနိုင်အောင် NEG Ninorex T2X-1 မှန်သားနဲ့ ဖုံးအုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းဒီဇိုင်းကလည်း နောက်ကျောဘက်မှာပါ RGB LED တပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ ZTE ဟာ Black Shark လိုမျိုးနောက်ဆုံးထွက် Qualcomm Snapdragon 845 Processor ကို အသုံးပြုထားတာမဟုတ်ပဲ Qualcomm Snapdragon 835 Processor ကိုပဲ အသုံးပြုထားပါ။ RAM အနေနဲ့တော့ 64GB Storage Version မှာ 6GB နဲ့ Storage 128GB Version မှာ RAM 8GB ပါဝင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ 24MP Single Camera နဲ့အတူ 8MP Selfie Camera လည်း ပါဝင်မယ်လို့သိရပါတယ်။ Battery အနေနဲ့တော့ 3800mAh Battery ပါဝင်မှာပါ။ Gaming အတွက် အထူးပြုထားတဲ့ Gaming Button တစ်ခုပါဝင်မယ်လို့ သိရပါတယ်။

ZTE ရဲ့ အခု Nubia Red Magic Gaming Phone ဟာ ဈေးနှုန်းအနေနဲ့ ၃၉၉ ဒေါ်လာကနေ စတင်မှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဈေးအသက်သာဆုံး Gaming Phone တစ်ခုဖြစ်လာပါတယ်။