[Zawgyi]

စမတ္ဖုန္းေတြရဲ႕ စံႏႈန္းကိုတိုင္းတာေပးရာမွာနာမည္ေက်ာ္ AnTuTu ကေတာ့ ေမလအတြက္ အျမန္ဆုံး စမတ္ဖုန္း စာရင္းကို ထုတ္ျပန္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ကုမၸဏီေတြအေနနဲ႔ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို အေကာင္းဆုံးျဖစ္ေအာင္ အားထုတ္ၾကၿပီး ေဈးကြက္မွာ ေရာင္းအားေကာင္းေနရင္ေတာင္မွ AnTuTu မွာ ဗိုလ္စြဲႏိုင္တာက ဂုဏ္ယူစရာ တစ္ခုလို ျဖစ္ေနတာပါ။

AnTuTu ရဲ႕ စာရင္းမွာ ေမလအတြက္ ဗိုလ္စြဲသြားတာက Snapdragon 855 နဲ႔ ZTE nubia Red Magic 3 ပဲ ျဖစ္ပါတယ္။ nubia Red Magic 3 ဟာ ရမွတ္ 380,921 နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ေနာက္မွာေတာ့ ZTE Axon 10 Pro က ရမွတ္ 376,916 နဲ႔ ဒုတိယေနရာမွာ လိုက္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းက Xiaomi ဟာ ထိပ္ဆုံးသုံးေနရာကို သိမ္းပိုက္ထားခဲ့ေပမယ့္ ေနာက္တစ္လအၾကာမွာေတာ့ တတိယေနရာကို ဆင္းေပးခဲ့ရၿပီ ျဖစ္ပါတယ္။ Xiaomi ရဲ႕ Mi 9 Explorer က ရမွတ္ 376,092 နဲ႔ တတိယေနရာမွာ ရွိေနခဲ့ၿပီး သူ႔ေနာက္မွာေတာ့ Xiaomi Black Shark 2 က ရမွတ္ 374,736 နဲ႔ စတုတၳေနရာ၊ Xiaomi Mi 9 က ရမွတ္ 372,422 နဲ႔ ပၪၥမေနရာေတြမွာ အသီးသီးရပ္တည္ခဲ့တာ ျဖစ္ပါတယ္။

အဆင့္ ၆ ေနရာမွာ Meizu 16s, အဆင့္ ၇ ေနရာမွာ OnePlus 7 Pro, အဆင့္ ၈ ေနရာမွာ Lenovo Z6 Pro တို႔က အသီးသီးရပ္တည္ခဲ့ေပမယ့္ နာမည္ေက်ာ္ Samsung ရဲ႕ Galaxy S10+ ကေတာ့ အဆင့္ ၉ ေနရာမွာျဖစ္ၿပီး Samsung Galaxy S10 ကေတာ့ အဆင့္ ၁၀ ေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

iOS အတြက္ အျမန္ဆုံးစာရင္းကို ထုတ္ျပန္ရာမွာေတာ့ iPad Pro 2018 (11-inch) က အားလုံးရဲ႕ေရွ႕မွာ ရမွတ္ 552,574 နဲ႔ ရပ္တည္ေနၿပီး ဒုတိယေနရာမွာေတာ့ iPad Pro 2018 (12.9-inch) က ရမွတ္ 551,072 နဲ႔ ရပ္တည္ခဲ့ပါတယ္။ ဒီ iPad Pro ႏွစ္မ်ိဳးဟာ iPad Air 2019, iPad mini 2019 ေတြထက္ အမွတ္ေပါင္း ၁သိန္း၇ေသာင္းေက်ာ္နဲ႔ အျပတ္အသတ္ ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

AnTuTu ရဲ့ မေလအတွက် အမြန်ဆုံး စမတ်ဖုန်းစာရင်းမှာ ထိပ်ဆုံးကဦးဆောင်သွားတဲ့ ZTE nubia Red Magic 3

စမတ်ဖုန်းတွေရဲ့ စံနှုန်းကိုတိုင်းတာပေးရာမှာနာမည်ကျော် AnTuTu ကတော့ မေလအတွက် အမြန်ဆုံး စမတ်ဖုန်း စာရင်းကို ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို အကောင်းဆုံးဖြစ်အောင် အားထုတ်ကြပြီး ဈေးကွက်မှာ ရောင်းအားကောင်းနေရင်တောင်မှ AnTuTu မှာ ဗိုလ်စွဲနိုင်တာက ဂုဏ်ယူစရာ တစ်ခုလို ဖြစ်နေတာပါ။

AnTuTu ရဲ့ စာရင်းမှာ မေလအတွက် ဗိုလ်စွဲသွားတာက Snapdragon 855 နဲ့ ZTE nubia Red Magic 3 ပဲ ဖြစ်ပါတယ်။ nubia Red Magic 3 ဟာ ရမှတ် 380,921 နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး သူ့နောက်မှာတော့ ZTE Axon 10 Pro က ရမှတ် 376,916 နဲ့ ဒုတိယနေရာမှာ လိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက Xiaomi ဟာ ထိပ်ဆုံးသုံးနေရာကို သိမ်းပိုက်ထားခဲ့ပေမယ့် နောက်တစ်လအကြာမှာတော့ တတိယနေရာကို ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။ Xiaomi ရဲ့ Mi 9 Explorer က ရမှတ် 376,092 နဲ့ တတိယနေရာမှာ ရှိနေခဲ့ပြီး သူ့နောက်မှာတော့ Xiaomi Black Shark 2 က ရမှတ် 374,736 နဲ့ စတုတ္ထနေရာ၊ Xiaomi Mi 9 က ရမှတ် 372,422 နဲ့ ပဉ္စမနေရာတွေမှာ အသီးသီးရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အဆင့် ၆ နေရာမှာ Meizu 16s, အဆင့် ၇ နေရာမှာ OnePlus 7 Pro, အဆင့် ၈ နေရာမှာ Lenovo Z6 Pro တို့က အသီးသီးရပ်တည်ခဲ့ပေမယ့် နာမည်ကျော် Samsung ရဲ့ Galaxy S10+ ကတော့ အဆင့် ၉ နေရာမှာဖြစ်ပြီး Samsung Galaxy S10 ကတော့ အဆင့် ၁၀ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

iOS အတွက် အမြန်ဆုံးစာရင်းကို ထုတ်ပြန်ရာမှာတော့ iPad Pro 2018 (11-inch) က အားလုံးရဲ့ရှေ့မှာ ရမှတ် 552,574 နဲ့ ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ iPad Pro 2018 (12.9-inch) က ရမှတ် 551,072 နဲ့ ရပ်တည်ခဲ့ပါတယ်။ ဒီ iPad Pro နှစ်မျိုးဟာ iPad Air 2019, iPad mini 2019 တွေထက် အမှတ်ပေါင်း ၁သိန်း၇သောင်းကျော်နဲ့ အပြတ်အသတ် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

Ref: GSMArena