ZTE ကနေ Nubia Series စမတ်ဖုန်းအသစ်တစ်မျိုးကို လာမယ့် ဧပြီရယ်လ ၁၁ ရက်နေ့မှာ ကြေငြာတော့မယ်လို့ တရားဝင်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ အခု ZTE စမတ်ဖုန်းကို Nubia Z18 Mini လို့ နာမည်ပေးထားပြီးတော့ Z17 ဖုန်းရဲ့ မျိုးဆက်ဖြစ်လာမှာဖြစ်ပါတယ်။

အခု ZTE Nubia Z18 Mini စမတ်ဖုန်းဟာ ZTE Nubia Z18 Series ထဲမှာ အရင်ဆုံးထွက်လာတာဖြစ်ပြီးတော့ Teaser Image အရတော့ အဆိုပါ Z18 Mini စမတ်ဖုန်းက 24MP Dual Camera ပါဝင်လာမယ်လို့ သိရပါတယ်။

ZTE ရဲ့ Nubia Z Series စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ ZTE ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်ပြီးတော့ ဘေးဘောင်ပျောက် Display အပြင် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကိုလည်း ထည့်သွင်းထားတဲ့ဖုန်းတွေဖြစ်ပါတယ်။