ZTE ကုမ္ပဏီဟာ အခုအချိန်မှာ အမေရိကန်အပါအဝင် အခြားသောနိုင်ငံအများအပြားမှာ မှုပိုင်ခွင့်အရ တရားရင်ဆိုင်နေရပြီးတော့ Qualcomm Processor တွေအပါအဝင် အမေရိကန်နိုင်ငံနဲ့ သတ်ဆိုင်တဲ့ Devices တွေကို ဝယ်ယူခွင့်ပိတ်ပင်ခံထားရတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် စမတ်ဖုန်းအကဲခတ်သူတွေက ZTE ဟာ စမတ်ဖုန်းလောကမှာ ခတ္တပျောက်သွားနိုင်တယ်လို့ ယူဆထားကြပေမယ့် ZTE ကတော့ တရုတ်နိုင်ငံ China’s State Intellectual Property Office မှာ စမတ်ဖုန်းဒီဇိုင်းအသစ်တစ်ခုကို မှတ်ပုံတင်လိုက်ပြီပဲဖြစ်ပါတယ်။

အခု ZTE က ရယူလိုက်တဲ့ မူပိုင်ခွင့်ကတော့ Display Design ပိုင်းပဲဖြစ်ပြီး လက်ရှိစမတ်ဖုန်းအများစုက Screen အပေါ်ဘက်မှာ Notch တပ်ထားပေမယ့် ZTE က Screen ရဲ့ အပေါ်ရော အောက်ဘက်ရောမှာပါ Notch တပ်ဆင်လာမှာဖြစ်တယ်လို့ တွေ့ရပါတယ်။

အခုအချိန်မှာ စမတ်ဖုန်းတွေအကုန်လုံးနီးပါးက Notch ကို ထည့်သွင်းလာကြတယ်ဆိုပေမယ့် ဈေးကွက်အတွင်းမှာတော့ အခုအချိန်အထိ လက်ခံခြင်းမရှိသေးပဲ အကြိုက်မတွေ့ကြသေးတဲ့ အချိန်မှာ ZTE က Notch ၂ ခုကို ထည့်သွင်းဖို့ ကြိုးစားနေတာက ဘယ်လိုအကြံအစည်လဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။