ZTE ကုမ္ပဏီကနေ အခုအချိန်မှာ Google ရဲ့ ဈေးနှုန်းသက်သာပြီး Software Update တွေကို မြန်မြန်ဆန်ဆန်ရရှိနိုင်တဲ့ Android Go OS ကို အသုံးပြုထားတဲ့ ဘတ်ဂျတ်ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ ZTE Tempo စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၈၀ ပဲရှိမှာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ဈေးနှုန်းအရအသက်သာဆုံးသော Android Go ဖုန်းလို့လည်း ပြောလို့ရမှာဖြစ်ပါတယ်။

Specifications တွေအနေနဲ့ကတော့ Qualcomm Snapdragon 210 Processor ကို အသုံးပြုထားပြီးတော့ 5″ Display ပါဝင်မှာပါ။ RAM အနေနဲ့ 1GB ပါဝင်မှာဖြစ်ပြီး 8GB Internal Storage ပါဝင်မှာပါ။ ကင်မရာအနေနဲ့တော့ 5MP Back Camera နဲ့အတူ 2MP Selfie Camera တွေပါဝင်လာမှာပါ။

အခု ZTE Tempo Android Go စမတ်ဖုန်းဟာ Battery အနေနဲ့တော့ 2200mAh Battery ပါဝင်မှာဖြစ်ပြီးတော့ ဒေါ်လာ ၈၀ ပဲကျင်သင့်တဲ့အတွက် အလွန်ဈေးသက်သာတယ်လို့ ပြောလို့ရပါတယ်။