ZTE ကနေ အခုနှစ်အတွက် ပထမဆုံး 18:9 Ratio Full Screen Display ကို အသုံးပြုလာမယ့် စမတ်ဖုန်းအသစ်တစ်ခုကို လာမယ့် မတ်လ ၂၂ ရက်နေ့မှာ တရားဝင်ထုတ်ပြသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

အခု ZTE စမတ်ဖုန်းသစ်ကို ZTE V18 လို့ နာမည်ပေးထားပြီးတော့ ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်ဖုန်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ZTE ကထုတ်ပြန်လိုက်တဲ့ Teaser Image အရတော့ အခုစမတ်ဖုန်းဟာ 6″ Display ပါဝင်မှာဖြစ်ပြီး တရုတ်ငွေ ယွမ် ၁၀၀၀ (သို့) ဒေါ်လာ ၁၅၀ ဝန်းကျင်ပဲရှိမယ်လို့ သိရပါတယ်။

ZTE V18 စာလုံးရဲ့ 8 စာလုံးကိုလည်း Dual Camera ပုံစံမျိုးရေးထားတဲ့အတွက်ကြောင့် Dual Camera ပါပါဝင်လာဦးမှာဖြစ်ပါတယ်။

ZTE ဟာ အခုနှစ်ကို V18 စမတ်ဖုန်းနဲ့ စတင်မှာဖြစ်ပြီး အခုလကုန်ပိုင်းဝန်းကျင်မှာ Flagship စမတ်ဖုန်းဖြစ်တဲ့ ZTE V9 စမတ်ဖုန်းကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။