ZTE က V2020 5G ကို တရုတ်မှာ ကြေညာလိုက်ပြီး 5G ဆက်သွယ်မှု ပါလာပါတယ်။ ၆.၅၃ လက်မ IPS LCD မျက်နှာပြင် ထည့်ထားပြီး Punch Hole ဒီဇိုင်း ဖြစ်ပါတယ်။ 19.5:9 Aspect Ratio ထောက်ပံ့ထားပြီး Full HD+ Resolution ပါလာပါတယ်။ Screen-to-body Ratio က ၉၀.၈ ရာခိုင်နှုန်း ရှိတဲ့အတွက် ဘောင်ပျောက်ဒီဇိုင်းက မိုက်ပါတယ်။

Dimensity 800 Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM နဲ့ 128GB UFS 2.1 Storage ထည့်ထားပါတယ်။ microSD Card Slot တပ်ဆင်ထားတဲ့အတွက် ဒေတာများစွာ သိမ်းနိုင်ပါတယ်။

ZTE Blade V2020 5G launched, 6GB + 128GB for 1399 yuan ($210) - Giztop

ZTE V2020 5G မှာ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Android 10 OS အခြေပြု MiFavor UI , Dual SIM Support, 5G / 4G, Wi-Fi 802.11ac, Bluetooth 5.0, GPS, USB-C, Smart PA Amplifier, DTS:X Ultra Support နဲ့ 3.5mm Audio Jack ထည့်သွင်းထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁,၃၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၂ သိန်း ၇ သောင်းလောက် ကျသင့်ပြီး Gradient Blue ၁ ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၅ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

Ref : gizmochina