ZTE ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေထုတ်လုပ်မှုလျော့နည်းသွားတယ်လို့ ပြောလို့ရပေမယ့် အခုအချိန်မှာတော့ မကြာမီကျင်းပတော့မယ့် Mobile World Congress – MWC 2018 ပွဲမှာ စမတ်ဖုန်းသစ်တစ်မျိုးကို ပြသသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

အခု ZTE စမတ်ဖုန်းသစ်ဟာ Flagship Level စမတ်ဖုန်းတော့မဟုတ်သေးပဲ Mid Range ဖုန်းတစ်မျိုးဖြစ်ပြီး နာမည်ကိုတော့ Blade V9 လို့ ပေးထားတယ်လို့ သိရပါတယ်။ အခု ZTE Blade V9 ဟာ 5.7″ 18:9 Display နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Snapdragon 450 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ Dual Camera စနစ်ကို အသုံးပြုလာမှာဖြစ်ပြီး 16MP + 5 MP Camera တွေကို အသုံးပြုလာမှာပါ။ ဒါ့အပြင် 13MP Selfie Camera လည်းပါဝင်လာမယ်လို့ သိရပါတယ်။

ZTE Blade V9 မှာ 3200mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Android Version အနေနဲ့ 8.0 Oreo တစ်ခါတည်းပါဝင်လာမှာဖြစ်ပါတယ်။ အခု ZTE Blade V9 ရဲ့ ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် ဒေါ်လာ ၂၀၀ အောက်နဲ့ ရောင်းချသွားဖို့ များနေပါတယ်။