Meta ဟာ Metaverse ကနေ ဝင်ငွေ ရှာဖို့ စီစဉ်နေပါတယ်။ အဓိက ဝင်ငွေရမယ့် နည်းလမ်း ၂ ခုကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး အဲဒါတွေက Virtual ကုန်ပစ္စည်းတွေ ရောင်းချတာနဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်း ရောင်းချတာကို Meta ရဲ့ အခမဲ့ VR ပလက်ဖောင်း ဖြစ်တဲ့ Horizon Worlds မှာ စမ်းသပ်နေတယ်လို့ ကုမ္ပဏီက တနင်္လာနေ့က ကြေညာပါတယ်။
အစောပိုင်း စမ်းသပ်မှုတွေအရ Creator တွေဟာ ဖက်ရှင် Accessory နဲ့ Virtual Worlds အတွက် VIP Access လို Virtual Item နဲ့ Effect တွေကို ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ Zuckerberg က “ Virtual Item တွေ ရောင်းချနိုင်တာနဲ့ Virtual World ထဲက အရာတွေကို Access လုပ်နိုင်တာဟာ အွန်လိုင်း စီးပွားရေး လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ “ လို့ Promotional Video မှာ ပြောပါတယ်။
တချို့ ပါဝင်သူတွေဟာ Meta ဆီကနေ ဆုကြေးငွေတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ သူ့ရဲ့ ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုခွင့်ပေးမှာ မဟုတ်ဘဲ Horizon Worlds ဟာ ရောင်းချရငွေထဲက ၂၅ ရာခိုင်နှုန်းကို ရယူမှာ ဖြစ်ပါတယ်။ Meta Quest မှာ ရောင်းချမှုအတွက် ၃၀ ရာခိုင်နှုန်းကိုပါ ထည့်ပေါင်းလိုက်ရင် Meta ဟာ ၄၇.၅ ရာခိုင်နှုန်းတောင် ရယူမှာ ဖြစ်ပါတယ်။
မကြာခင်ကပဲ Meta ဟာ သူ့ရဲ့ App တွေမှာ Virtual Coin , Token တွေကို ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အဲဒီ ငွေကြေးကို ဝန်ထမ်းတွေက “Zuck Bucks” လို့ ခေါ်ကြပြီး Roblox မှာသုံးတဲ့ In-app Token လိုမျိုး ဖြစ်လာနိုင်ပါတယ်။
Ref : tnw