ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက Xiaomi ကနေ ၁ နှစ်အတွင်းမှာတင် TV အလုံးရေ ၁၀ သန်းခန့် တင်ပို့ရောင်းချခဲ့ရတယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ပမာဏဟာ တရုတ်နိုင်ငံ TV ထုတ်လုပ်သူတွေထဲမှာ ပထမဆုံးအနေနဲ့ အဆိုပါ ရောင်းအားရှိလာတာလည်းဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ ၂၀၁၉ အတွင်းမှာ ရောင်းချခဲ့ရတဲ့ TV ၅ လုံးထဲမှာ ၁ လုံးက Mi TV ဖြစ်တယ်ဆိုပြီး ကြွားလုံးထုတ်ပြောကြားလိုက်ပါပြီ။ အခုပြောကြားချက်ဟာ Market Research Firm တစ်ခုဖြစ်တဲ့ Beijing Zhongyi Kang ရဲ့ Report ကနေ ကောက်နုတ်ထားတာလည်းဖြစ်ပါတယ်။

Xiaomi ရဲ့ ပြောကြားချက်အရတော့ Mi TV 32-inches ၊ 43-inches ၊ 50-inches ၊ 65-inches နဲ့ 70-inches TV အရွယ်အစားအကုန်လုံးမှာ ရောင်းအားကောင်းခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာဆိုရင် တရုတ်နိုင်ငံ TV စျေးကွက်ရဲ့ ၁၉.၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။ ၂၀၁၉ ရဲ့ ၃လပတ် ၄ ခုစလုံးမှာလည်း စျေးကွက်နံပါတ် (၁) ဖြစ်နေခဲ့တာဖြစ်ပါတယ်။

Xiaomi Mi TV ရဲ့ GM ဖြစ်တဲ့ Jiang Cong ကတော့ ဒီလိုအောင်မြင်မှုဟာ Hardware ၊ Internet Services နဲ့ New Retail တွေကနေ ရရှိလာတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ ပိုကောင်းတဲ့ နည်းပညာ၊ Picture Quality နဲ့ တခြားသော R&D ပိုင်းတွေကိုပါ အာရုံစိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref – Gizmo China