အင်တာနက် ကြိုးတွေကို ဖွံ့ဖြိုးတိုးတက်အောင် သုတေသန ပြုလုပ်နေတဲ့ CableLabs က 10Gbps အင်တာနက် အမြန်နှုန်းကို ‌နောက် ၁၀ နှစ်အတွင်း နေအိမ်နဲ့ ရုံးတွေမှာ အသုံးပြုနိုင်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီ အမြန်နှုန်းရမယ့် အစောပိုင်း စမ်းသပ်မှုတွေကို စတင် ပြုလုပ်ပြီးနေပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ Comcast နဲ့ Broadcom တို့ဟာ Full-duplex (FDX) DOCSIS 4 System-on-chip (SoC) Device ကို အသုံးပြုကာ 4Gbps ရအောင် သရုပ်ပြသနိုင်ခဲ့ပါတယ်။

Top 10 Advantages of Fiber Optic Internet Connections | HP® Tech Takes

အဲဒီ နည်းပညာဟာ တူညီတဲ့ ဖိုက်ဘာ Optic ကြိုးတွေမှာ ဒေတာတွေပို့ဖို့ မတူညီတဲ့အရောင်တွေကို အသုံးပြုတာ ဖြစ်ပါတယ်။ Comcast ဟာ DOCSIS 4 အခြေပြု Virtualized Cable Modem Termination System(vCMTS) ကို အသုံးပြုကာ 10Gbps ရအောင်တောင် အောင်မြင်စွာ စမ်းသပ်ပြီးပါပြီ။

နောက်မျိုးဆက် ကြိုးအင်တာနက် ဖြစ်တဲ့ DOCSIS 4 ဟာ လက်ရှိ ကြိုးတွေနဲ့ ဖိုက်ဘာ Broadband ကို ကြိုးရဲ့ Hybrid ဖိုက်ဘာ Coax (HFC) အပေါ်မှာ ပေါင်းစည်းထားတာပါ။ ဒီနည်းပညာ အသစ်က 10Gbps Download နဲ့ 6Gbps Upload အင်တာနက်ကို ထောက်ပံ့ပေးပါတယ်။

Lab တွေမှာ အဲဒီ အမြန်နှုန်းကို ရရှိပြီးနေပြီ ဖြစ်ပါတယ်။ Charter Communicatioons aka Spectrum ဟာ Hybrid HFC ကနေ 8Gbps Download နဲ့ 6Gbps Upload ရအောင် မကြာခင်က သရုပ်ပြခဲ့ပါတယ်။ CableLabs ရဲ့ အဖွဲ့ဝင် Armstrong က ဒီထက်တောင် ပိုလုပ်ပြနိုင်ခဲ့ပြီး အိုဟိုင်းအိုး ပြည်နယ်၊ မီဒီနာက စီးပွားရေးလုပ်ငန်းနဲ့ လူနေအိမ်တွေ ၃,၀၀၀ ကျော်ကို 10Gbps အင်တာနက် ပံ့ပိုးပေးထားပါတယ်။

CableLabs ရဲ့ ဥက္ကဌနဲ့ စီအီးအို Phil McKinney က “ 10Gbps အင်တာနက်ဟာ မြန်နှုန်းမြင့်မားပြီး Latency နည်းပါးကာ စိတ်ချယုံကြည်ရသလို လုံခြုံရေး ပိုကောင်းပါတယ်။ နောက်မျိုးဆက် ကြိုး အင်တာနက် ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : zdnet