အင်တာနက်ရဲ့ ကလေး ဆယ်လီ Yan Hongsen ဟာ Code ၆၀၀ ကြောင်းနဲ့ ရေးသားထားတဲ့ သူ့ရဲ့ ဒုံးပျံ ထိန်းချုပ်တဲ့ စနစ်ကို ပြသထားတဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။ အဲဒီ ဗီဒီယိုဟာ လျှင်မြန်စွာ နာမည်ကြီးသွားခဲ့ပြီး ကမ္ဘာအဝန်းမှ ပရိသတ်တွေက သူ့ရဲ့ အရည်အချင်းကို ချီးကျူးခဲ့ကြပါတယ်။

China boy, 11, writes 600 lines of code to build rocket after mastering physics, chemistry | South China Morning Post

“Rocket Boy” ရဲ့ Follower ၄၄၀,၀၀၀ ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ရဲ့ အာကာသ အင်ဂျင်နီယာ အရည်အချင်းကို စောင့်ကြည့် အားပေးခဲ့ကြတာ ဖြစ်တယ်လို့ The Star က ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ သူဟာ ၁၀ လအတွင်း ပထမဆုံး ဒုံးပျံကို တည်ဆောက်ခဲ့ပါတယ်။

11-year-old genius writes 600 lines of code to build rocket, he is from...

၂၀၂၃ ခုနှစ် ဇွန်လမှာ သူဟာ “Moving Forward” လို့ အဓိပ္ပါယ်ရတဲ့ Sen Xing အမည်ရ ဒုံးပျံကို စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူဟာ သိပ္ပံပညာရှင်လေးလို့ ပြောရလောက်အောင် အဲဒီအမှားကို သင်ခန်းစာယူပြီး နောက်ထပ် ကြိုးစားခဲ့ပါတယ်။

သူက သူ့ရဲ့ တိုးတက်မှုကို မကြာခင်က Follower တွေကို အသိပေးခဲ့ပြီး ရူပဗေဒနဲ့ ဓါတုဗေဒကို ကိုယ်တိုင် လေ့လာနေတဲ့အပြင် Code ၆၀၀ ကြောင်းကို ရေးသားပြီးပြီလို့ ပြောပါတယ်။ သူက မကြာခင်မှာ ဒုံးပျံအသစ်ကို စမ်းသပ်ပြီး အာကာသ အင်ဂျင်နီယာ ဖြစ်ဖို့ ရည်မှန်းထားပါတယ်။

Ref : interestingengineering