အကြမ်းခံပြီး အရွယ်ကြီး Battery ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Oukitel က မေလလယ်မှာ WP35 ကို ကြေညာတော့မှာဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ဈေးနှုန်းနဲ့  ဓါတ်ပုံတွေ အခုကတည်းက ပေါက်ကြားထွက်ပေါ်လာပါတယ်။

This is the Oukitel WP35 rugged phone with 64MP camera and 11,000 mAh battery

Oukitel WP35 မှာ Dimensity 6100+ SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Android14 ၊ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာပါ။ 2TB microSD Card စိုက်နိုင်မယ့်အတွက် ဒေတာတွေ အများကြီး သိမ်းနိုင်မှာပါ။ 6.6” FullHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Notch မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။

Oukitel @ MWC 2024 - Zwei neue Smartphones mit Android 14

အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island မှာ 64MP Main , 8MP Night Vision နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေ တပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာ Customize လုပ်နိုင်တဲ့ အနီရောင်ခလုတ် ၁ ခု ပါပါတယ်။

11,000mAh Battery က ရှယ်ကြမ်းပြီး 18W Charging ထောက်ပံ့ထားပါတယ်။ IP68/69K နဲ့ MIL-STD-810H စံနှုန်း ပါလာပြီး အထူက ၁၅.၃ မီလီမီတာနဲ့ အလေးချိန်က ၃၆၀ ဂရမ် ရှိပါတယ်။ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena