အိန္ဒိယက ၁၃ နှစ်အရွယ် လူငယ် အမျိုးသား ၁ ယောက်ဟာ အွန်လိုင်း ဂိမ်းမှာ ရူပီး ၄၀,၀၀၀ ရှုံးခဲ့တဲ့ အတွက် ကိုယ့်ကိုကိုယ် သတ်သေခဲ့တဲ့ ဖြစ်ရပ် ၁ ခု ဖြစ်ပွားခဲ့ပါတယ်။ လူငယ်ရဲ့ နာမည်က Madhya Pradesh ဖြစ်ပြီး အိန္ဒိယနိုင်ငံ Chhatarpur က ဖြစ်ပါတယ်။ သူဟာ ၆ တန်း ကျောင်းသား ဖြစ်ပြီး သေတမ်းစာ ၁ စောင် ရေးသားခဲ့ပါသေးတယ်။ သူက “ရူပီး ၄၀,၀၀၀ ကို ‘Free Fire’ အွန်လိုင်း ဂိမ်းမှာ ရှုံးခဲ့တဲ့အတွက် သတ်သေတာ ဖြစ်ပါတယ်။ အမေ့ကိုလည်း တောင်းပန်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ ရူပီး ၄၀,၀၀၀ ကို မြန်မာငွေနဲ့တွက်ရင် ၉ သိန်းနီးပါးလောက်ရှိပါတယ်။

What do Gamers Want from FreeFire Mobile Game? - Pivony

မိခင် ဖြစ်သူဟာ သူမ အကောင့်ကနေ ငွေတွေ ထုတ်သွားတာကို ဖုန်းရဲ့ Notification ကနေ သိပြီးနောက်မှာ  ဖုန်းဆက်ပြီး သားကို ဆူခဲ့ပါတယ်။ သူ့ မိခင်ဟာ ပြည်နယ် ကျန်းမာရေး ဌာနက သူနာပြု ဆရာမ ၁ ယောက် ဖြစ်ပြီး သူ သတ်သေချိန်မှာ ဖခင်ရော ၊ မိခင်ပါ အိမ်မှာ မရှိပါဘူး။ အစ်မ ဖြစ်သူက သူ့ အခန်း တံခါးကို ခေါက်ပြီး ခေါ်တဲ့ အခါမှာ သူ့ဆီက တုန့်ပြန်မှု မရတဲ့အတွက် မိဘတွေကို အကြောင်းကြားခဲ့တာပါ။

Garena Free Fire: Download and play it on PC

အဲဒီနောက်မှာ တံခါးကို ချိုးဖျက်ပြီး ဝင်ရောက်တဲ့ အခါမှာတော့ မျက်နှာကျက်ကနေ ကြိုးဆွဲချ သေဆုံးနေတာကို ဝမ်းနည်းဖွယ် မြင်တွေ့ခဲ့ကြပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာလည်း အိန္ဒိယမှာ အလားတူ ဖြစ်ရပ် ၁ ခု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် လူငယ် အမျိုးသား ၁ ယောက်ဟာ ‘Free Fire’ ဂိမ်းကို အလွန်အကျွံ ကစားတဲ့အတွက် ဖခင် ဖြစ်သူက ဖုန်းကို သိမ်းလိုက်ပြီးနောက်မှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေခဲ့တာပါ။

စမတ်ဖုန်းတွေဟာ လူသားတွေအတွက် အထောက်အကူ ဖြစ်ပေမယ့် လူငယ်တွေအကြားမှာ အလွန်အကျွံ သုံးစွဲနေတာတွေဟာ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက် မိဘတွေဟာ ကလေးတွေရဲ့ စမတ်ဖုန်း သုံးစွဲမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်သင့်ကြောင်း အသိပေးလိုက်ပါတယ်။

Ref : zeenews