အချိန်ဟာ စက္ကန့်တစ်ရွေ့ချင်းပြောင်းလဲနေတာမသိသာပေမဲ့ နှစ်နဲ့ချီကြာလာတဲ့အခါမှာတော့ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို ဘွားခနဲမြင်တွေ့လာရတတ်ပါတယ်။ အထူးသဖြင့် ပြောင်းလဲလာတဲ့ အချိန်တွေမှာ နည်းပညာနဲ့ထုတ်ကုန်တွေ တိုးတက်လာတာကို သတိပြုမိကြပြီး၊ အသစ်တွေအပေါ်မှာပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒီလိုနဲ့ပဲ အဟောင်းတွေကတော့ ချောင်ထိုးစွန့်ပစ်ခံဘဝကို တိတ်တဆိတ်ရောက်ရှိသွားကြရပါတော့တယ်။

2013 16GB iPod touch ဟာ ကမ္ဘာအနှံ့မှာ ခေတ်ကုန်သွားပြီ၊ ခေတ်နောက်ကျပြီး အသုံးမဝင်တော့ဘူးလို့ Apple က ကြေညာလိုက်ပါပြီ။ iOS ကို (လျှော့ချထားတဲ့ဈေးနှုန်းနဲ့) အသုံးပြုသူတွေလက်ထဲ ပိုပြီးပို့ဆောင်နိုင်ဖို့အတွက် Apple ဟာ 32GB fifth-generation iPod Touch ရဲ့ သိုလှောင်မှုပမာဏကို ထက်ဝက်လျှော့ချလိုက်သလို ကျောဘက်ကကင်မရာကိုလည်း ဖြုတ်ထုတ်ထားခဲ့ပါတယ်။ ရလဒ်ကတော့ 16GB 2013 iPod ဟာ $229 ဖြစ်သွားပြီး (အရင်တုန်းက Low-end မော်ဒယ် ဖြစ်ခဲ့တဲ့) $299 တန် 32GB မော်ဒယ်ထက် $70 သက်သာခဲ့ပါတယ်။

Apple အနေနဲ့ 2013 16GB Apple iPod touch ကို ခေတ်ကုန်သွားပြီလို့ကြေညာတာဟာ ဘာကိုဆိုလိုတာလဲလို့ မေးလာရင်တော့၊ ကုမ္ပဏီက ဒီ Device အတွက် ဆက်ပြီး Service ပေးတော့မှာမဟုတ်သလို၊ အပိုပစ္စည်း၊ ဆက်စပ်ပစ္စည်းတွေကိုလည်း ဆက်ပြီးထုတ်လုပ်တော့မှာမဟုတ်တော့ဘူးလို့ပဲ ဖြေရမှာပါ။ ဒါကြောင့် Third Party ပြုပြင်ရေ:လုပ်ငန်းတွေအနေနဲ့ အပိုပစ္စည်းတွေကို မှာလို့ရတော့မှာမဟုတ်ဘဲ ပျက်လာရင်တော့ အစားထိုးတပ်ဆင်စရာ အစိတ်အပိုင်း ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။

2013 16GB Apple iPod touch ကို 4-inch မျက်နှာပြင်၊ 640 x 1136 resolution ထောက်ပံ့ထားပြီး၊  Apple A5 chipset ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။  iPod touch ရဲ့ နောက်ဆုံးဗားရှင်းဟာ Seventh-generation မော်ဒယ်ဖြစ်ပြီး 2019 ခုနှစ် May လမှာ Apple Store ကတစ်ဆင့် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Ref: Phone Arena